ဒါလည်းစိတ်ကျန်းမာရေးတစ်မျိုးပဲ
03-Jun-2017အမျိုးသမီးကြီးတစ်ဦး ဆရာဝန်ထံရောက်လာပြီး -
“ ကျွန်မယောကျ်ားရဲ့ စိတ်ကျန်းမာရေးလေး ပြန်စစ်ပေးပါဦး ဆရာ”
“ ဘာလို့လဲ။ ကျန်းမာရေးအတွက် လမ်းလျှောက်ခိုင်းတာ မလျှောက်လို့လား”
“ အရင်ကလျှောက်တယ်။ အခုစက်ဘီးစီးသင်နေတယ်”
“ဒါလည်း ကျန်းမာရေးလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ခွင့်ပြုလိုက်ပါ”
“ ခက်တာက အိမ်ရှေ့က လမ်းလျှောက်နေကျ မော်ဒယ်လ်လေးတွေက စက်ဘီးပြောင်းစီးနေပြီဆရာ”
Credit : မှူးအိမ်ဇင်