ရယ်ဖို့ ပါးစပ်ပြင်ရုံရှိသေး
19-Jun-2017ပျော်တတ်သော ခင်ပွန်းသည်က မိန်းမဖြစ်သူအား -
“ ရယ်သောသူ အသက်ရှည်သတဲ့ မိန်းမရေ”
“ ဒါများ ကလေးကအစ သိတယ် အဆန်းမှတ်လို့”
“ကဲ သိတာနောက်မှထားတို့လည်း အသက်ရှည်အောင် ဟာသကားတွေကြည့်ပြီး ဒီနေ့က စရယ်ကြရအောင်”
“ နေ့တိုင်း ရယ်နိုင်ဖို့ပဲ အရေးကြီးတယ်”
“ ဘာဖြစ်လို့လဲ”
“ မနက်ဖြန် အိမ်ငှားစာချုပ် ထပ်မချုပ်နိုင်ရင် ဆင်းလို့အိမ်ရှင်က လာပြောထားတယ်”
Credit : မှူးအိမ်ဇင်