မှန်တော့သိပ်မမှန်ဘူး
19-Jun-2017စိတ်ကျန်းမာရေး ဆရာဝန်ဆီသို့ လူငယ်တစ်ဦးရောက်လာပြီး -
“ ဆရာကျွန်တော်က မိန်းမနဲ့ပါ”
“ လိုရင်းပြောပါဦး”
“ ဒီလိုပါ ကျွန်တော်တို့ လင်မယားက ညားကတည်းက ဘာစားစား၊ ဘာလုပ်လုပ်၊ ဘာဖြစ်ဖြစ်နှစ်ယောက်မျှဝေ ခံစားကြမယ်လို့ သစ္စာဆိုထားတယ်ဆရာ”
“ ဒီတော့ ဘာဖြစ်လဲ”
“ အခုကျွန်တော့်မိန်းမ ကိုယ်ဝန်ရှိနေလို့ ဘယ်လိုမျှဝေခံစားရမှန်းမသိလို့ ဆရာကြီးဆီလာတိုင်ပင်တာပါ”
Credit : မှူးအိမ်ဇင်