ခွန်အားဖြည့် အဘိုးကြီး
03-Jul-2017မိတ်ဆွေလူကြီးနှစ်ဦးဆုံကြရာဝယ် -
“ ခင်ဗျားက အရင်ထက်တောင် နုပျိုကျန်းမာနေပါသလားဗျာ၊ ဆေးကောင်းဝါးကောင်းလေးရှိလည်း လက်တို့ပါဦးဗျ”
“ ဆေးတော့ သိပ်အားမကိုးဘူးဗျ”
“ ဒါဆို ကျန်းမာရေးလေ့ကျင့်ခန်း မှန်မှန်လုပ်လို့လား”
“ သိပ်လည်း မလုပ်ဖြစ်ပါဘူးဗျာ၊ အဓိကက ကိုယ်စိတ်ကြည်လင်တဲ့နေရာမှာ အနေများလို့”
“ ဘာလဲ နားအေးပါးအေး တရားရိပ်သာတွေ ဘာတွေလား”
“ ဟုတ်ဘူး၊ ပန်းခြံထဲကို”
“ ဟိုက်”
Credit : မှူးအိမ်ဇင်