ငယ်ရည်းစားကို ပြန်မှတ်မိသွားမှာစိုးလို့
03-Jul-2017မိတ်ဆွေကြီး နှစ်ဦးဆုံကြရာ -
“ ခင်ဗျား ငယ်ရွယ်နုပျိုနေပါလားဗျ”
“ ပင်စင်ယူပြီးကတည်းက နေ့တိုင်းလမ်းလျှောက်လေ့ကျင့်ခန်း လုပ်လို့လေ”
“ လျှောက်တယ်သာပြောတယ်၊ အခုတလော မတွေ့တော့ပါလား”
“ မိန်းမက မလျှောက်ခိုင်းလို့ နားလိုက်ပြီ”
“ ဘာဖြစ်လို့လဲဗျ”
“ ဒီထက်နုပျိုသွားရင် ကလေးစိတ်ပြန်ပေါက်သွားမှာစိုးလို့တဲ့”
“ဟိုက်”
Credit : မှူးအိမ်ဇင်