အားပေးစကားပြောလိုက်ကာမှ
22-Sep-2017ပင်စင်ယူပြီးသော အဖိုးအိုတစ်ဦးက ဆရာဝန်အား -
“ ကျွန်တော့်အသက် ၉၀ နားကပ်နေပြီ၊ မိန်းမလည်း ဆုံးသွားပြီဆရာ ”
“ ဒီတော့ ဘာဖြစ်လို့လဲ အဘိုး ”
“ မိန်းကလေးငယ်ငယ်ချောချောလေးတွေ မြင်ရင်လိုက်ကြည့်တဲ့ အကျင့်ပါနေတယ်ဆရာ၊ ဘယ်လိုလုပ်ရမလဲ ”
“ စိတ်ပျိုတော့ ကိုယ်နုတာပေါ့ အဘိုးရာ၊ ဒါကြောင့် အဘိုးဒီအရွယ်ထိ စိတ်ရောကိုယ်ပါ ကျန်းမာနေတာ ”
“ ဒါဆို မိန်းကလေးတွေကို နေ့တိုင်းကြည့်ရင် မသေနိုင်တော့ဘူးပေါ့နော် ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်