ဟတ်ထိသွားတယ် ထင်ပါရဲ့
22-Sep-2017ဒေါက်တာရမ်းကုနှင့် အမျိုးသမီးတစ်ဦး တွေ့ဆုံစဉ် -
“ ခင်ဗျားယောကျ်ား ညဘက် အိပ်မက်မက်ရင် သူ့ရုံးက စာရေးမလေးတွေရဲ့
နာမည်ယောင်ယမ်းခေါ်သေးလား ”
“ မခေါ်တော့ဘူးဆရာ ”
“ ဒါကြောင့် ကျွန်တော့်ဆေးစွမ်းက ထက်ပါတယ်လို့ပြောတာပေါ့ ”
“ မထင်နဲ့ဆရာ၊ အိပ်ရင် ကျွန်မက အိပ်မက် မက်ချင်ယောင်ဆောင်ပြီး မော်ဒယ်ဘွိုင်းလေးတွေရဲ့နာမည် ရွတ်လိုက်လို့ ”
“ ဟိုက် ”
Credit: မှူးအိမ်ဇင်