ထားပါတော့ ထားပါတော့
19-Oct-2017ဒူးနာနေသော အမျိုးသားနှင့် Nurse အပျိုကြီးတို့တွေ့ရာတွင်-
“ ရှင်ဒီလိုဖြစ်တာ ကြာပြီလား ”
“ ဟုတ်ကဲ့ လေးငါးနှစ်လောက်တော့ ရှိပြီထင်တယ် ”
“ အသက်ကြီးရင်လည်း ဒူးတွေဘာတွေ နာတတ်တယ်၊ ရှင့်အသက် ဘယ်လောက်ရှိပြီလဲ ”
“ ကျွန်တော်က မှတ်ဉာဏ်သိပ်မကောင်းဘူး၊ ဆရာမကြီးတို့နဲ့ ရွယ်တူလောက်ဖြစ်မယ် ”
“ အို … ဒါဆို အသက်သိပ်မကြီးသေးပါဘူး ”
“ ဗျာ ”
Credit : မှူးအိမ်ဇင်