ဘယ်မှာပိန်ဆေးရှိပါ့မလဲ
08-Nov-2017ခပ်ဝဝအမျိုးသမီးငယ်တစ်ဦး ဆေးခန်းသို့ ရောက်လာပြီး ဆရာဝန်အား -
“ညွှန်ကြားသလို ထမင်းစားပြီးတိုင်း ဆရာပေးတဲ့ ဆေးကိုစားတာ မပိန်တဲ့အပြင် ပိုတောင်ဝလာသလိုပဲ ဆရာ ”
“ ဆေးကောမှန်မှန်သောက်ဖြစ်ရဲ့လား။ မေ့တဲ့အခါရှိသေးလား။ ပုံမှန်သောက်မှနော် ”
“ မမေ့ပါဘူး ဆရာရဲ့။ သေသေချာချာ သောက်တာပါ ”
“ ဒါနဲ့ သမီးက ထမင်းကို ဘယ်အချိန်တွေ စားတတ်သလဲ ”
“ အချိန်တော့ ပုံမှန်မရှိဘူး။ အနည်းဆုံး တစ်နေ့ရှစ်ခါလောက်တော့ စားဖြစ်တယ်”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်