ကြောချမ်းစရာပါတကား
05-Dec-2017ပန်းချီကားအရောင်းဆိုင်သို့ ဆရာဝန်တစ်ဦးရောက်လာရာ ပန်းချီဆရာက -
“ ဆရာပါလား။ ကြွပါ ကြွပါ။ ကျွန်တော်တော့ ဆရာကုပေးတဲ့ အသက်ပဲရှိတော့တယ် ”
“ ဟုတ်ကဲ့။ ဒါနဲ့ ခင်ဗျားပန်းချီကားတွေ အရောင်းသွက်လား ”
“ သိပ်ပြီးသွက်လှတယ်တော့ မဟုတ်ဘူးပေါ့ဆရာရယ် ”
“ ဒါဆို ပန်းချီကားအားလုံး ကျွန်တော်ဝယ်မယ်ဗျာ ”
“ ဆရာ့ဆေးခန်းမှာ ဆေးဖိုးတွေအရမ်းကုန်ကျလို့ အားနာလို့ဝယ်တာလားဆရာ ”
“ ဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အနုပညာက သူသေသွားမှ ပိုတန်ဖိုးရှိမှန်းသိလို့ပါ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်