အထီးကျန်အတွက် အကျည်းတန်ဝေဒနာတွေလား
12-Dec-2017ရုံးပိတ်ရက်တွင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား
“ အထီးကျန်တဲ့သူတွေဟာ စိတ်ဖိစီးမှုဒဏ်ခံရပြီး ကိုယ်ခံအားထိခိုက်နိုင်တယ်တဲ့ကွ ”
“ အဲဒီတော့ ဘာဖြစ်သလဲမောင် ”
“ မောင်တို့အဖြစ်က ကလေးလည်းမထွန်းကားတော့ တကယ်လို့ မင်းသာမောင့်ကို ပစ်သွားရင် ”
“ ဒီအတွက်မပူနှဲ့မောင်။ မောင်အထီးမကျန်ရအောင် ခင့်မိသားစုအားလုံး ဒီအိမ်ကို ပြောင်းနေဖို့ ခေါ်လိုက်ပြီ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်