ကာလံဒေသံအလိုက် ဟောမှပေါ့
20-Dec-2017အညာဒေသတွင် အလုပ်ဝင်ခါစ ဆရာဝန်လေး၏ ကျန်းမာရေးဟောပြောပွဲသည်ကား -
“ တစ်ကိုယ်ရေသန့်ရှင်းရောဂါကင်းတဲ့၊ အစာမစားခင်ရော၊ စားပြီးရင်ရောလက်ကို စင်ကြယ်အောင် ဆေးကြောပါ။ အိမ်သာတက်ပြီးရင်လည်း ဒီအတိုင်းပါပဲ”
“ ဆရာပြောတာ ကျွန်တော်တို့ရွာသူရွာသားအားလုံး အကြွင်းမဲ့လက်ခံပါတယ်။ ဒါပေမဲ့ အကူအညီတစ်ခုတော့ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ် ”
“ ပေးရမှာပေါ့ဗျာ။ ကဲ ဘာကူညီရမလဲ ပြော ”
“ တခြားမဟုတ်ပါဘူး။ အဝီစိတွင်းတစ်တွင်း တူးပေးပါဗျာ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်