အိပ်ခန်းထဲဖုန်းပျောက်ရှာသလိုပဲ
26-Dec-2017မြေးအရွယ်သာသာ မိန်းမကိုရထားသော လူပျိုကြီးအဖြစ်ကား -
“ ဟေ့ လူပျိုကြီးရဲ့ မိန်းမ ကလေးမွေးတယ်ဆို ”
“ ဟုတ်တယ် လွန်ခဲ့တဲ့တစ်ပတ်ကပဲ ”
“ ဖြူလား၊ ချောလား၊ ဖအေတူလား၊ အမေတူလား၊ ကလေးကို ပြပါဦး။ အခန်းထဲမှာလား ”
“ ဟုတ်ဘူး။ သူ့အမေရေချိုးနေတုန်း ငါ့ကိုထိန်းခိုင်းထားတာ၊ အခု ဘယ်နားချထားမိမှန်း မသိတော့လို့။ ငိုသံကို နားထောင်နေတာ ”
“ ဟိုက် ”