စိတ်ကျန်းမာရေးဆေးရုံမှာ ဘွတ်ကင်ယူထားမှပဲ
02-Jan-2018အလုပ်မှ ပြန်လာသော လင်ဖြစ်သူက စိတ်ရှုပ်ဟန်ဖြင့် ဇနီးသည်အား -
“ ကုန်စျေးနှုန်းကမကျ၊ ယောက္ခမတွေ၊ ယောက်ဖတွေ၊ ခယ်မတွေ တင်ကျွေးထားရနဲ့ စိတ်ဖိစီးမှုတွေကြောင့် ငါတော့ ရူးချင်လာပြီ ”
“ စားဝတ်နေရေး ကျပ်တည်းတဲ့ ခေတ်ကြီးထဲမှာ ရှာရဖွေရတဲ့ မောင့်ကို ကိုယ်ချင်းစာပါတယ် မောင်ရယ်၊ အခုလည်း ”
“ အခုဘာဖြစ်လဲ၊ ဘယ်သူနေမကောင်းဖြစ်ပြန်ပြီလဲ ”
“ ဟုတ်ဘူး၊ နေ့လယ်က ရှင်ယောက်ဖအငယ်ကောင် မိန်းမခိုးလာလို့ ”
“ ဟိုက်”
Credit : မှူးအိမ်ဇင်