တခြားနည်းလေးလမ်းညွှန်ပေးပါ
15-Feb-2018ဆေးခန်းသို့ လူတစ်ဦးရောက်လာပြီး ဆရာဝန်အား
“ ရောဂါရှာဖွေတာလည်း ဘာမှမတွေ့ဘူး၊ ဒါပေမဲ့ .. ခက်တာက ညညအိပ်မရဘူးဆရာ ”
“ ဒါဆိုလွယ်ပါတယ်၊ အိပ်ရာထဲရောက်ရင် အမှတ်စဉ် တစ်၊ နှစ်၊ သုံး၊ လေး ရေတွက် နှစ်ဆယ် အစိတ်မရောက်ခင် အိပ်ပျော်သွားလိမ့်မယ် ”
“ ရေတွက်ပါတယ်ဆရာ၊ ဒါပေမဲ့ အမှတ်စဉ်ရှစ်ရောက်တာနဲ့ ငေါက်ကနဲထရပ်တဲ့ အကျင့်ပါနေတယ်ဆရာ ”
“ ဘယ်လိုဖြစ်တာပါလိမ့် ထူးဆန်းပေစွ ”
“ ထူးဆန်းဆို ကျွန်တော်က လက်ဝှေ့ချန်ပီယံဟောင်းလေ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်