အသက်မရှင်ချင်တော့ဘူး
23-May-2018"ဆရာ ကျွန်တော် အမောမခံနိုင်ဘူးဗျာ..."
"ဆေးလိပ် ဖြတ်လိုက်ပါ..."
"ဟုတ်ကဲ့... ဆီးလည်း ကျဉ်ကျဉ်နေတယ်...။
"မိန်းမ လိုက်စားတာ ရှောင်လိုက်ပါ..."
"အသည်းကလည်း မကောင်းချင်ဘူး..."
"အရက်ဖြတ်လိုက်ပါ..."
တစ်ပါတ်ခန့် ကြာသော်...
"ဘယ်လိုလဲ... ရှောင်သင့်တာတွေ ရှောင်လိုက်တော့ ကျန်းမာလာပြီမလား?"
"ဟုတ်ကဲ့ဆရာ... အဲဒါတွေ ရှောင်လိုက်ပြီးတဲ့နောက် ကျန်းမာလာပါတယ်... တစ်ခုပဲ..."
"ဘာပါလိမ့်?"
"ကျွန်တော် အသက်မရှင်ချင်တော့ဘူးလေ..."
Credit: ကြယ်မင်းတာရာ