Print

Galactorrhoea (နို့ရွှင်ခြင်း)

  05-Jul-2021
Preview Image


နို့တိုက်မိခင်မဟုတ်ဘဲ နို့သီးခေါင်း မှနို့ထွက်ခြင်း ဆိုလိုပါသည်။ ကလေး၊ လူကြီး၊ ယောကျ်ားမိန်းမ မရွေးဖြစ်ပွားနိုင်သည်။ ထိုလက္ခဏာ ကိုတွေ့ရှိပါ =က ဖြစ်ပေါ်စေ သည့်အကြောင်းရင်းကို ရှာဖွေကုသရန်လိုအပ်ပါသည်။ အချို့သူများတွင် မည်သည့်ပြဿနာမျှ မဖြစ်ဘဲ အလိုအလျောက် ကောင်းသွားကြသည်မျိုးလည်း ရှိပါသည်။

လက္ခဏာများ

- နို့သီးခေါင်းမှ အချိန်တိုင်း သို့မဟုတ် မကြာခဏ အရည်များ ထွက်နေခြင်း

- အရည်များသူ့အလိုလိုထွက်ခြင်း သို့ ညှစ်လိုက်လျှင်ထွက်ခြင်း

- ရင်သားတစ်ဘက်သို့မဟုတ် နှစ်ဘက်လုံးဖြစ်ခြင်း

- ရာသီမလာခြင်း၊ မမှန်ခြင်း

- ခေါင်းကိုက်ခြင်း

- အမြင်အာရုံမကောင်းခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ

နို့တိုက်မိခင်များတွင် နို့ထွက်ခြင်းကို ဦးနှောက်၏ အောက်ခြေရင်းနားတွင်ရှိသော အံစာတုံးအရွယ်မျှသာရှိသည့် pituitary gland မှ prolactin (ပရိုလက်တင်) ဆိုသည့်ဟော်မုန်းက ထိန်းညှိပေးသည်။

 

ထို့ကြောင့် နို့တိုက်မိခင်မဟုတ်ဘဲ နို့သီးခေါင်းမှ နို့ရည်ထွက်နေခြင်းသည် ၎င်း prolactin ဟော်မုန်းကိုပို၍ထုတ်နေသောကြောင့်ဖြစ်နိုင်သည်။

 

အခြားဖြစ်နိုင်ချေရှိသော အကြောင်းရင်းများမှာ -

 

- အချို့ဆေးဝါးများ။ ဥပမာ- အိပ်ဆေးများ၊ စိတ်ရောဂါဆေးများ။

- မူးယစ်ဆေးများ။ ဥပမာ- ကိုကင်း၊ ဆေးခြောက်၊ စိတ်ကြွဆေးပြားများ။

- ကိုယ်ဝန်တားဆေးများ

- သိုင်းရွိုက်အားနည်းရောဂါ

- Pituitary ဂလင်းအကျိတ်ဖြစ်ခြင်း

- ကျောက်ကပ်ပျက်စီးခြင်း

- ရင်သားအား လိင်ဆက်ဆံစဉ်လှုံ့ဆော်မှုများခြင်း၊ ထိတွေ့မှုများခြင်း။

- ရင်ဘတ်အာရုံကြောစနစ်ပျက်ခြင်း

- ကျောရိုးမတိုင် ခွဲစိတ်ခြင်း။ အကျိတ်ဖြစ်ခြင်း

အချို့သူများတွင် မည်သည့် အကြောင်းရင်းမျှရှာ၍မရဘဲ ဖြစ်နေပါက idiopathic galactorrhoea ဟုသတ်မှတ်နိုင်သည်။

- အမျိုးသားများတွင် ယောကျ်ားဟော်မုန်းလျော့နည်းသော အခါမျိုးတွင် ရင်သားကြီးလာခြင်း၊ နာကျင်ခြင်း၊ နို့သီးခေါင်းမှ အရည်ထွက်ခြင်း၊ လိင်တံမတောင့်တင်းခြင်းတို့ဖြစ်ပေါ်ခံစားရနိုင်ပါသည်။

- မွေးကင်းစကလေးများတွင် နို့သီးခေါင်းမှ အရည်ထွက်ရခြင်းအကြောင်းရင်းမှာ- ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်၏ မ ဟော်မုန်းဓာတ် အချင်းမှ ဖြတ်ကာ ကလေးဆီသို့ရောက်ရှိထားသောကြောင့်ဖြစ်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

နို့တိုက်မိခင်မဟုတ်ပါဘဲ နို့သီးခေါင်းမှ အရည်များများ အဆက်မပြတ် သူ့အလိုလို ထွက်ကျနေလျှင်ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်သည်။ ထို့အပြင် နို့သီးခေါင်း မှ ထွက်သောအရည်သည် ဝါကျင့်ကျင့်အရောင်၊ အထူးသဖြင့်သွေးရောင်ထွက်ပြီး ရင်သား တွင်အလုံးအကျိတ်စမ်းမိပါက ရင်သားကင်ဆာကိုစိုးရိမ်ရသည်။ ထိုအခါမျိုးတွင်လည်း စမ်းသပ်စစ်ဆေးမှုခံယူသင့်ပါသည်။

 

စစ်ဆေးမှုများ

- ဆရာဝန်မှ ရင်သားစမ်းသပ်ခြင်း။

- နို့သီးခေါင်းမှ ထွက်သောအရည်အားစမ်းစစ်ခြင်း

- သွေးစစ်ခြင်း- ခန္ဓာကိုယ်အတွင်းရှိ prolactin , thyroid stimulating hormone သိုင်းရိုက် ဟော်မုန်း များစစ်ဆေးခြင်း

- ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်း

- ရင်သားအား ပုံဖော်ဓာတ်မှန်ရိုက်ခြင်း( Mammography, ultrasound)

- MRI သံလိုက်ဓာတ်မှန်ရိုက်ခြင်း- သွေးတွင်းစစ်ဆေးချက်တွင် prolactin ဟော်မုန်းတက်နေပါက ဦးနှောက်အတွင်းရှိ pituitary ဂလင်းကို MRI ရိုက်၍စစ်ဆေးခြင်း။

 

ကုသခြင်း

ရောဂါလက္ခဏာကိုဖြစ်ပွားစေသည့်အဓိက အကြောင်းရင်းကိုရှာ၍ ကုသရမည်။

ဥပမာ- ဆေးများကြောင့်ဖြစ်လျှင် ဆေးဖြတ်ခြင်း၊ နို့ခမ်း ဆေးများပေးခြင်း။


Dr.hp

Ref: Mayo clinic


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18