COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၄...
04-Mar-2020
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ညတွင် ထပ်မံပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -
(က) ကန်တော်နဒီ ဆေးရုံမှ အသက် (၂၄) နှစ် အရွယ် အမျိုးသား (၁) ဦး၊
(ခ) ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၂၅) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသမီး (၁) ဦး၊
(ဂ) ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၃၈) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သား၊ အမျိုးသား (၁) ဦး၊
(ဃ) ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံမှ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးနှင့်
(င) ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံမှ အသက် (၂၉) နှစ်အရွယ် အမျိုးသမီး (၁) ဦး (အမှတ် - ဃ) ၏ ဇနီး တို့တွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။
(အမှတ် - ဃ ဓာတ်ခွဲအဖြေသတင်းကို ည (၈) နာရီတွင် ထုတ်ပြန်သည့် သတင်းတွင်ပါဝင်ခဲ့ပြီးဖြစ်ပါသည်၊။)
၃။ ဓာတ်ခွဲအဖြေသတင်းများ ထပ်မံရရှိပါက အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
Credit : ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

