အသည်းရောင်အသားဝါဘီပိုးအကြောင်းသိကောင်းစရာ
01-Jan-1970
(၁) ဘယ်လိုကူးစက်တတ်သလဲ
ဘီပိုးရှိတဲ့သူ ကိုယ်ခန္ဓာက ထွက်တဲ့ချွေးအပါအဝင်ထွက်သမျှ အရည်အားလုံးကနေ ကူးစက်နိုင်ခြေရှိပါတယ်။
(၂) ဘီပိုးကာကွယ်ဆေးအကြောင်း
• အိမ်မှာ ဘီပိုးရှိတဲ့သူ တစ်ယောက်ရှိပြီဆိုရင် ကိုယ်ကိုယ်တိုင် ဘီပိုး ရှိ၊ မရှိ စစ်ဆေးရပါမယ်။
• ဘီပိုး မရှိဘူးဆိုရင် ကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံရပါမယ်။ ဘီပိုးရှိသူနဲ့ အတူနေသူတွေဟာ ကူးလွယ်လို့ပါ။
• တစ်လ၊ နှစ်လ၊ သုံးလ ဆိုတဲ့နည်းနဲ့ ဘီပိုးကာကွယ်ဆေးကို အမြန်ထိုးရပါမယ်။
• ဘီပိုး ရှိ၊ မရှိဆိုတာကို လူတိုင်းစစ်ဆေးဖို့သင့်ပါတယ်။ ဘီပိုးမရှိရင် ကာကွယ်ဆေးထိုးသင့်ပါတယ်။
(၃) ကာကွယ်ဆေး ကောင်း မကောင်း ဘယ်လိုသိနိုင်သလဲ။
• ကာကွယ်ဆေးသုံးလုံးထိုးပြီး တစ်လ တစ်လခွဲလောက်ကျရင် Antibody ဘယ်လောက် ပေါ်သလဲ စစ်ဆေးနိုင်ပါတယ်။
• Antibody မှ တစ်ထောင်ကျော် ထွက်တယ်ဆိုရင် ငါးနှစ်လောက်အထိ ခံပါတယ်။
• ကာကွယ်ဆေးထိုးတာ မကောင်းရင် ဘီပိုးဝင်ထားဖူးတာရှိ၊ မရှိ သွေးပြန်စစ်ပြီး အသည်းရောဂါအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ နောက်ထပ်ကာကွယ်ဆေးထိုးလို့ရ၊ မရ အကြံဉာဏ်ယူရပါမယ်။
(၄) ဘီပိုးဟာ ကုလို့ပျောက်ပါသလား။
• ဘီပိုးပွားများတာကို ရပ်အောင်လုပ်တဲ့ သောက်ဆေးတွေရှိပါတယ်။
• အဲဒီသောက်ဆေးက တစ်သက်လုံးနီးပါး သောက်ရတဲ့အတွက် သောက်မယ်ဆိုရင် တကယ်သောက်ဖို့လိုအပ်တဲ့ သူကိုဘဲ တိုက်ပါတယ်။
• မလိုအပ်ဘူးဆိုရင် အထူးကုဆရာကြီးများက သုံးလတစ်ခါ ခေါ်ကြည့်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးပါတယ်။
• နောက်တစ်မျိုးက Peg interferon ဆိုတဲ့ ထိုးဆေးပါ။ ကိုယ်ခံအားတိုးတက်အောင် ဆေးကိုထိုးပြီး ဘီပိုးကို တိုက်တာပါ။
(၅) ဘယ်လိုလူတွေမှာ ဒီထိုးဆေးကို ထိုးနှံလို့ရပါသလဲ
• သွေးထဲမှာရှိတဲ့ ဘီပိုး ပိုးကောင်ရေနည်းတဲ့သူ၊ အသက်ငယ်တဲ့သူ၊ တခြားရောဂါတွေ (ဥပမာ - နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ကို နာတာရှည်ရောဂါတွေ) မရှိရဘူး၊ ဆေးကိုတစ်ပတ်တစ်ခါ ထိုးရင် ခံနိုင်ရည်ရှိရမယ်။
• ဒီထိုးဆေးမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ အစားအသောက် မစားနိုင်တာ၊ အားပြတ်တာလေးတွေ ရှိတဲ့အတွက် ဒါတွေကို ကျော်လွှားနိုင်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။
• ဆေးက တစ်ပတ်တစ်ခါထိုးရတဲ့အတွက် ဘေးထွက်ဆိုးကျိုးရှိမရှိကို လစဉ်မှန်မှန် စစ်ဆေးပေးရပါတယ်။
• ဆေးထိုးပြီး သုံးလလောက် အကြာမှာပြန်စစ်လိုက်လို့ ပျောက်နိုင်ခြေရှိတယ်ဆိုမှ တစ်နှစ်ပြည့်အောင် ဆက်ထိုးပါတယ်။
• ပျောက်နိုင်ခြေမရှိဘူးဆိုရင် ဆက်မထိုးတော့ပါဘူး။
• လူငယ်အများစုဟာ ဆေးထိုးပြီး အောင်မြင်တဲ့သူများတယ်လို့ ဆိုထားပါတယ်။
Credit: Hsu
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
