Print

အစာအိမ်ရောဂါပိုး

  27-Feb-2017
Preview Image

 

လူ၏ အစာအိမ်နံရံတွင် သာမန်မျက်စိဖြင့် မမြင်ရသော အလွန်သေးငယ်သည့် ဗက်တီးရီးယားပိုး တစ်မျိုးဖြစ်သည်။ အစာအိမ်ရောဂါပိုးသည် အစာအိမ်အမြှေးပါး နံရံနှင့်ကပ်လျက် နေထိုင်လျက်ရှိသည်။ အစာအိမ်ရောဂါပိုး Helcobactor Pylori ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက မံမီအလောင်း ကောင်များတွင် တွေ့ရသည်။ အစာအိမ်ရောဂါပိုးသည် လူနာ၏ အစာအိမ်ထဲတွင်သာ အဓိကနေထိုင်ပြီး သိုး၊ ဆိတ်၊ ခွေး၊ ကြောင် များတွင်လည်း တွေ့ရပါသည်။ အစာအိမ်ရောဂါပိုးကို ဘီပိုး၊ စီပိုး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ ကဲ့သို့ ကင်ဆာဖြစ်နိုင်သည့် အဆင့် (၁) (class – 1 carcinogen) အဖြစ် သတ်မှတ်ထားပါသည်။ မသန့်သောရေ၊ မသန့်သော အစားအစာ၊ တံတွေးနှင့် လူမစင်တို့ှမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ 

 

(၁) အသက်အရွယ်ကြီးသူများ။

(၂) ဝင်ငွေနည်းသော မိသားစုများ။

(၃) တစ်အိမ်ထဲတွင် လူအများပေါင်းအိပ်သော မိသားစုများတွင် ရောဂါပိုးကို ပိုမိုတွေ့ရှိရသည်။

 

တခြားသော အူလမ်းကြောင်းတွင်းရှိ ရောဂါများကဲ့သို့ အစာအိမ်ရောဂါပိုး မကူးစက်စေရန် ကာကွယ်နိုင်ဖို့ ခဲယဉ်းပါသည်။ တစ်ကိုယ်ရေကျန်းမာရေးနှင့်သန့်ရှင်းရေးသည်လည်း များစွာအရေးကြီး ပါသည်။ အစာအိမ်ရောဂါပိုးသည် လူဦးရေ၏ ၄၀ % တွင် ကူးစက်ခံနေရသည်ဟု ဆိုသည်။ အသက် ၆၅ နှစ် အထက်လူကြီးများတွင် ပိုမိုကူးစက်လွယ်ပါသည်။ အစာအိမ်ရောဂါပိုး H.Pylori သည် ယူရီးယားဓာတ်မှ အမိုးနီးယားကိုထုတ်ပြီး ၎င်းပတ်ဝန်းကျင်၏ PH ကို မြင့်တက်စေသည်။ အစာအိမ်ရောဂါပိုးသည် အစာအိမ်တွင်ရှိသော မျက်နှာပြင်လွှာ အမျိုးအစားတွင်သာ နေထိုင်နိုင်ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီး အသက်အရွယ်အမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ ကျား - မ ကလေးလူကြီးမရွေး အစာအိမ်ရောဂါပိုးကို တွေ့ရှိရပါသည်။ လက်နှင့်နယ်ထားသော အစားအစာများ၊ ယင်နားစာများ၊ မသန့်ရှင်းသော အစားအစာများ၊ လမ်းဘေး အစားအစာများ၊ ချဉ်ဖတ်များတွင် အစာအိမ်ရောဂါပိုး ပိုမိုတွေ့ရှိရပါသည်။ လက်ဖက်ရည်ကြမ်း (green tea) ဝိုင်အနီ (red wine) လန်ဆတ်သောဒိန်ချဉ်တို့သည် အစာအိမ်ရောဂါပိုး ပြန့်ပွားခြင်းကို တားဆီးနိုင်ပါသည်။

 

အစာအိမ်ရောဂါပိုးကြောင့် ဖြစ်တတ်သည့်ရောဂါများ အူသိမ်အူပိုင်းအနာ၊ အစာအိမ်အမြှေးပါးရောင်ခြင်း၊ အစာအိမ်နာ၊ အစာမကြေရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ၊ အစာအိမ်ကင်ဆာ၊ သွေးမွှားဥအားနည်းရောဂါ၊ H. Pylori ပိုးကြောင့်ဖြစ်သည့် အစာအိမ်ရောင်ခြင်းမှ အစာအိမ်ကျုံ့ သွားခြင်းနှင့် အစာအိမ်အက်စစ် အထွက်နည်းခြင်း။ လူများတွင် အစာအိမ်ရောဂါပိုး ကူးစက်ခံရပြီးနောက်တွင် တစ်သက်လုံး မည်သည့်ရောဂါလက္ခဏာကိုမျှ မခံစားဖူးသူများလည်း ရှိကြသည်။ ကူးစက်ခံရသူများအနက် ၁၀ %သည် အစာအိမ်အနာဖြစ်လာသည်။ ထိုသို့ အစာအိမ်အနာဖြစ်စဉ်ကလည်း ရှုပ်ထွေးပါသည်။ 

 

တချို့သော အစာအိမ်ရောဂါပိုး ကူးစက်ခံရသူ တချို့တွင် အစာအိမ်အနာ မဟုတ်သော အစာမကြေခြင်းရောဂါများ ဖြစ်တတ်ပါသေးသည်။အစာအိမ်ရောဂါပိုးကြောင့် ရင်ပူခြင်းနှင့် အစာအိမ် စားချဉ့်ပြန် ဝေဒနာများ ခံရလေ့မရှိတတ်ပါ။ နောက်ဆုံး အစာအိမ်ရောဂါပိုးကြောင့် အစာအိမ်ကင်ဆာနှင့် ဆက်နွှယ်မှုရှိသည်ဟု ဆိုပါသည်။ အစာအိမ်ဆေးနှင့် ပိုးသတ်ဆေး (၂) မျိုးတွဲ၍ အနည်းဆုံး တစ်ပတ်သောက်ရမည် (သို့) ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ရမည်။

 

Healthcare.com.mm

Ref:
ဒေါက်တာမီမီကို 
Ziwaka magazine, September 2015, Pg. 36-39

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18