Print

ရုတ်တရက်လေဖြတ်ခြင်း၏ လက္ခဏာ

  27-Feb-2017
Preview Image

ရုတ်တရက်လေဖြတ်ခြင်း၏ လက္ခဏာ
• များသောအားဖြင့် ခန္ဓာကိုယ်တစ်ခြမ်း၊ ခြေထောက်၊ လက်၊ မျက်နှာ စသည်တို့တွင် ရုတ်တရက် အားနည်းမှုဖြစ်ပေါ်ခြင်း။

• ရုတ်တရက် စကားပြောခက်ခဲခြင်း (သို့) နားလည်မှု ကမောက်ကမ ဖြစ်လာခြင်း။

• ရုတ်တရက် မျက်စိတစ်ဖက် (သို့) နှစ်ဖက်စလုံး အမြင်အာရုံ ချို့ယွင်းလာခြင်း။

• ရုတ်တရက် လမ်းလျှောက်ရခက်လာခြင်း၊ မူးနှောက်လာခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ လှုပ်ရှားမှု အသီးသီးတွင် ဟန်ချက်ညီအောင် ကောင်းစွာထိန်းချုပ်မှု မရှိခြင်း။

• အကြောင်းမဲ့ ရုတ်တရက် ခေါင်းကိုက်လာခြင်း။

အကယ်၍ ထိုကဲ့သို့ဖြစ်ပေါ်လာခြင်းကို တွေ့ရှိပါက အရေးပေါ်ဝန်ဆောင် မှုပေးသော အဖွဲ့ အစည်းများနှင့် အရေးပေါ် လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ယူပါ။ အကယ်၍ ဆက်သွယ်ရန် ဖုန်းနံပါတ်မရှိပါက ဖြစ်နိုင်သမျှ အမြန်ဆုံး အရေးပေါ်ဆေးဝါးကုသ စောင့်ရှောက်မှုပြုရန် ကြိုးစားဆောင်ရွက်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, No.108, January 2016, Pg. 87

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18