Print

သွေးလှည့်ပတ်မှု မကောင်းသည့်အတွက် အရိုးပျက်စီးခြင်း

  27-Feb-2017
Preview Image

သွေးလှည့်ပတ်မှု မကောင်းသည့်အတွက် အရိုးပျက်စီးခြင်း
Avascular necrosis ဆိုတာက အရိုးကို သွေးလှည့်ပတ်မှု မကောင်းတော့တဲ့ အတွက်ကြောင့် အရိုးတွေ ပျက်စီးကုန်တာကို ပြောတာပါ။ ၁၈၈၈ ခုနှစ်လောက် ကတည်းကစပြီး သတိထားမိခဲ့ကြပါတယ်။ ၁၉၄၀ မှာ သွေးလှည့်ပတ်မှု မကောင်း လို့ ဖြစ်တယ်ဆိုတာကို သိလာပါတယ်။ သွေးလှည့်ပတ်မှု မကောင်းလို့ အရိုးတွေပျက်စီးမှု အများဆုံးဖြစ်တာကတော့ ပေါင်ထိပ်ရိုးတွေ ဖြစ်ပါတယ်။ အများအားဖြင့်တော့ အသက် ၃၀ ကနေ ၅၀ ကြာအရွယ်တွေမှာ ဖြစ်တာများပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်တတ်ပါတယ်။

 

ရောဂါဖြစ်ရတဲ့အကြောင်းအရင်း
AVN ရောဂါ၊ ဖြစ်ရတဲ့အကြောင်းရင်း တစ်ဝက်လောက်က ဘာကြောင့်ဖြစ်မှန်း မသိကြပါဘူး။ ရှာလို့လည်း မတွေ့ပါဘူး။ အဲဒါကို primary ရောဂါ လို့ခေါ်ပါတယ်။ ကျန်တဲ့တစ်ဝက်ကတော့ ဖြစ်နိုင်ခြေရှိတဲ့ တခြားအကြောင်းတွေကြောင့် ဖြစ်လာ တာဖြစ်ပါတယ်။ ဒါက Secondary အနေနဲ့ဖြစ်တာကို ပြောတာဖြစ်ပါတယ်။
အဖြစ်အများဆုံး ပြဿနာကတော့ စတီးရွိုက်ဆေးတွေ သောက်သုံးလို့ဖြစ်တာပါ။

တခြားဖြစ်ရသော အကြောင်းကတော့ အဆစ်တွေကို ထိခိုက်မိလို့ဖြစ်တာ များပါတယ်။ ဥပမာ အဆစ်ထိခိုက်တာတို့၊ ပေါင်အဆစ်ရိုးကျိုးတာ တို့တွေကြောင့် သွေး လှည့်ပတ်မှု ထိခိုက်သွားပြီး AVN ဖြစ်သွားတတ်ပါတယ်။ နောက်တစ်မျိုး ဆရာတို့ဆီက အဖြစ်များတာကတော့ အရက်သောက်များလို့ ဖြစ်တာတွေ တွေ့ပါတယ်။ တခြားဖြစ်တတ်တဲ့ အကြောင်းတွေကတော့ အများကြီးရှိပါတယ်။ သွေးထဲမှာ အဆီတွေ အရမ်းတက်နေတဲ့သူတွေမှာလည်း AVN ဖြစ်တတ်ပါတယ်။ ဓာတ်ရောင်ခြည်သင့်နေ သူတွေ၊ ခန္ဓာကိုယ်တွင်း အင်္ဂါတွေ အစားထိုးထားတဲ့သူနဲ့ ရေငုပ်သမားတွေ အစရှိတဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

 

ရောဂါလက္ခဏာ
ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အမှတ်မထင် တခြားအကြောင်းတွေကြောင့် ဓာတ်မှန်ရိုက်လိုက်တဲ့ အခါမှ တွေ့ကြတာတော့ရှိပါတယ်။ အစပိုင်းမှ ဘာမှမဖြစ်ပေ မယ့် နောက်ပိုင်းနည်းနည်း ကြာလာတာနဲ့ဖြစ်တဲ့ ပေါင်အဆစ်က နာလာပါတယ်။ အဆစ်က နာလိုက်၊ ပျောက်လိုက်လည်း ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ တင်ပဆုံပတ်လည်မှာ ဖြစ်တတ်တဲ့အပြင် ပေါင်တွေ၊ ဒူးတွေကနေ အောက်ပိုင်းအထိ ဆက်တိုက်နာသွားပါတယ်။ ခါးနာရောဂါတွေနဲ့လည်း မှားတတ်ပါတယ်။ တဖြည်းဖြည်း ပိုဆိုးလာတဲ့အခါ မတ်တပ်ရပ်လိုက်ရင်၊ လမ်းလျှောက်ရင် နာလာတာတွေ ဖြစ်ပါတယ်။ တချို့ကလည်း ထိုင်နေတုန်း၊ ညအိပ်နေတုန်း နာတဲ့သူတွေလည်းရှိပါတယ်။ အဲဒီလို နာတဲ့အတွက် လမ်းလျှောက်ရက် ထော့နဲ့ထော့နဲ့ ဖြစ်လာပါတယ်။ ဖြစ်တဲ့ အဆစ် ပတ်ဝန်းကျင်မှာ နာလာမယ်။ ကြာတဲ့အခါကျတော့ အဆစ်က ပုံမမှန်တော့ပါဘူး။ အဆစ်ပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်သားတွေက သိမ်လာပါတယ်။

 

ကုသမှု
ကုသမှုအနေနဲ့ မခွဲမစိတ်ဘဲ ကုသတာနဲ့ ခွဲစိတ်ကုသတာဆိုပြီး နှစ်မျိုးှရှိပါတယ်။ မခွဲမစိတ်ဘဲနှင့် အဆစ်တွေရဲ့ အခြေအနေ ပိုဆိုးမလာအောင်၊ စောစောစီးစီး အဆစ် ပျက်စီးမှုမဖြစ်အောင် ထိန်းထားတဲ့ပုံစံမျိုး ကုသတာပါ။ အဓိကကတော့ ခွဲစိတ်မှုကို တတ်နိုင်သလောက် နောက်ဆုတ်စေချင်တဲ့ သဘောပါ။ Statin Theerapy ဆိုတဲ့ သွေးထဲမှာ အဆီတက်နေရင်ပေးတဲ့ အဆီကျဆေးပေးတဲ့ နည်းတွေကလည်း အသုံးဝင်ပါတယ်။ အရိုးပါးရောဂါမှာ သုံးတဲ့ ဆေးတွေနဲ့ အနာသက်သာအောင် ပေး တဲ့ဆေးတွေကလည်း အထောက်အကူဖြစ်ပါတယ်။ လမ်းတွေလျှောက်တဲ့အခါမှာ အရိုးတွေ စောစောမပျက်စီးသွားအောင် ချိုင်းထောက်တွေ၊ တုတ်တွေနဲ့ လမ်းလျှောက် ခိုင်းတာတွေလည်း လုပ်ပေးလို့ရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.256, December 2013, Pg. 25-27

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18