အရိုးအပိတ်ကျိုးခြင်း (closed fracture)
30-Dec-1899
အရိုးအပိတ်ကျိုးခြင်း (closed fracture)
အရေပြားပေါက်ပြဲခြင်း မရှိပဲ ကျိုးခြင်းဖြစ်သည်။
အရိုးအပိတ်ကျိုးခြင်းလက္ခဏာများ
၁။ အရိုးကျိုးသော အရေပြားတစ်ဝိုက်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီမြန်းခြင်း။
၂။ အရိုးကျိုးသော အစိတ်အပိုင်း အထိမခံနိုင်ခြင်း၊ လှုပ်ရှားလျှင် နာကျင်ခြင်း။
၃။ လုံးဝမလှုပ်ရှားနိုင်ခြင်း။
၄။ ပုံသဏ္ဍာန်ပြောင်းခြင်း။
၅။ သဘာဝအတိုင်း မလှုပ်ရှားနိုင်။
အရိုးပိတ်ကျိုးခြင်းပြုစုနည်း
၁။ လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်ပြုစုပါ။
၂။ နာကျင်မှုသက်သာစေရန်နှင့် လှုပ်ရှားမှုမရှိစေရန် ကျိုးသောအရိုး၏ အထက်ဘက်အဆစ်တွင် တစ်ချက်၊ အောက်ဘက်အဆစ်တွင်တစ်ချက် ကြပ်ခံ၍ ပတ္တီးစည်းပါ။
၃။ ကျိုးသောအရိုးပေါ် တည့်တည့်တွင်ပတ်တီးမစည်းရပါ။ (ပတ်တီးအစသတ်သောအထုံးကို ဒဏ်ရာနှင့် ဝေးသောဘက်တွင် ချည်နှောင်ပါ။)
၄။ သွေးဆုတ်သွေးလန့်ခြင်း ရှိပါကပြုစုပါ။ သွေးဆုတ်သွေးလန့်ခြင်းကို ပြုစုရာတွင် ခြေထောက်ကျိုးနေသော လူနာအား ကြပ်စည်းပြီးမှမြှင့်ပါ။
၅။ ဆေးရုံ၊ ဆေးခန်းသို့ပို့ပေးပါ။
ပေါင်ရိုးကျိုးခြင်းကိုပြုစုခြင်း
ပေါင်ရိုးကျိုးသောလူနာအား
၁။ လူနာအားပက်လက်အနေအထားတွင် ထားပါ။ ချိုင်းအောက်မှ အပြင်ခြေမျက်စိ ထိရှည်သော ကြပ်တစ်ချောင်းနှင့် ပေါင်ခွမှအတွင်းခြေမျက်စိ ထိရှည်သော ကြပ်တစ်ချောင်းကို ကျိုးသောခြေထောက်၏ တစ်ဘက်တစ်ချက်တွင်ထားပါ။
၂။ ချိုင်းကြား၊ ပေါင်ကြား၊ ဒူးဆစ်နှင့် ခြေမျက်စိတို့တွင် အဝတ်စ၊ ဂွမ်းများထည့်ပါ။
၃။ (က) ခြေကျင်းဝတ် (ခ) ချိုင်း (ဂ) တင်ပဆုံ (ဃ) ဒူးဆစ် (င) ကျိုးနေသောနေရာ အထက် (စ) ကျိုးနေသောနေရာအောက် (ဆ) ခြေသလုံးတွင်တစ်ချက် ပတ်တီးစည်းပါ။
ခြေသလုံးကျိုးပါက
(က) ခြေကျင်းဝတ်၊ (ခ) ပေါင်ရင်း (ဂ) ကျိုးနေသောနေရာ အထက် (စ) ကျိုးနေသောနေရာအောက် (င) ဒူးဆစ်တစ်ချက်ပတ်တီးစည်းပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
