တက်စထရိုစတီရုန်းဟော်မုန်း လျော့နည်းရခြင်းအကြောင်းများ
30-Oct-2016အသက်ကြီးလာတဲ့အခါ အမျိုးသားအများစုမှာ တက်စထရိုစတီရုန်းဟော်မုန်းလျော်နည်းလာတတ်ပါတယ်။ တစ်ခါတစ်ရံမှတခြားကျန်းမာရေး ပြဿသနာတွေကြောင့်လည်း အက်စထရိုစတီရုန်းဟော်မုန်း လျော့နိုင်ပါတယ်။
- အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ
- အသည်းရောဂါ
- ကျောက်ကပ်ရောဂါ
- နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ
- ပစ်ကျူထရီဂလင်းပြဿနာ
- ဝှေးစေ့ ထိခိုက်ဒဏ်ရာရခြင်း
- ကင်ဆာဆေးဝါးနဲ့ ကုသမှုခံယူခြင်း
- စတီးရွိုက်ဆေးနဲ့ ညကုသမှုခံယူခြင်း
စမ်းသပ်မှု ပြုလုပ်ခြင်း
အောက်ပါရောဂါတွေ ရှိနေရင် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆရာဝန်တွေညွန်ကြားပါလိမ့်မယ်။
- ပန်းသေပန်းညှိုးခြင်း
- လိင်စိတ်ဆန္ဒအားနည်းခြင်း
- သုက်ကောင်လျော့နည်းခြင်း
- အရပ်အရှည် မူလထက် လျော့သွားခြင်း
- ကြွက်သားတွေ သေးသွားခြင်း
- ခန္ဓာကိုယ်အမွေးများ လျော့နည်းသွားခြင်း
ကုသခြင်း
အက်စထရိုစတီရုန်းဟော်မုန်း လျော့နည်းတဲ့ လက္ခဏာတွေ သင့်ခန္ဓာကိုယ်မှာ ရှိနေရင် နေ့စဉ်လူနေမှုဘဝကို ထိခိုက်နိုင်ပါတယ်။ ဆရာဝန် ဟော်မုန်းဖြည့်စွက်ဖို့ ညွန်ကြားပေးပါလိမ့်မယ်။ ဒါပေမယ့် ဟော်မုန်းနည်းတဲ့သူတိုင်းတော့ ဖြည့်စွက်ဖို့မလိုအပ်နိုင်ပါဘူး။ ကျွမ်းကျင်သူဆရာဝန်နဲ့ ပြသပြီး ကောင်းကျိုးနဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတိုင်ပင် ဆွေးနွေးသင့်ပါတယ်။
Ref:
အလင်း (ဆေးဝါး)
Arogyam Magazine
No.277, Pg.189-193,August.2015