Print

မီးဖွားပြီးပြီးချင်း သားဆက်ခြားရေး ဆွေးနွေးပေးသင့်ဟု ဆရာဝန်များ အကြံပေ...

  28-Feb-2017
Preview Image

မီးဖွားပြီးပြီးချင်း သားဆက်ခြားရေး ဆွေးနွေးပေးသင့်ဟု ဆရာဝန်များ အကြံပေး
ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားပြီးနောက်မှာပင် ရေရှည်ခံသော သားဆက်ခြား နည်းများနှင့်ပတ်သက်၍ ၎င်းတို့အား ဆွေးနွေးအကြံပေးမှု ချက်ချင်းပြုလုပ်သင့်သည်ဟု အမေရိကန် ဦးဆောင်ဆရာဝန်အဖွဲ့တစ်ဖွဲ့က ပြောကြားသည်။

ထိုသို့ ချက်ချင်းပညာပေးစေခြင်း၏ ရည်ရွယ်ချက်သည် မတော်တဆ ထပ်မံသန္ဓေတည်ခြင်း၊ နောက်ထပ်ကိုယ်ဝန်ဆောင်မှု စောခြင်းများ မဖြစ်စေရန်ဟု အမေရိကန်သားဖွားနှင့် မီးယပ်ဆရာဝန်များ အဖွဲ့ (ACOG) က ပြောသည်။

‘‘ကိုယ်ဝန်ဆောင်တွေကို စောင့်ရှောက်မှု ပေးသူတွေအနေနဲ့ ကိုယ်ဝန်ဆောင် မီးမဖွားမီ ဒါမှမဟုတ် မီးဖွားပြီးပြီးချင်းမှာ သန္ဓေ တားနည်းလမ်းတွေအကြောင်း ပညာပေးဆွေးနွေး သင့်ပါတယ်။ ဒါမှသာ သူတို့ဟာ သူတို့အတွက် အသင့်လျော်ဆုံး နည်းလမ်းတွေ ကို ဆုံးဖြတ်ဖို့ အချိန်ရကြမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာ အန် ဘော်ဒါစ်က သတင်းထုတ်ပြန် ချက်တစ်ရပ်တွင် ပြောကြားသည်။

မီးဖွားပြီး ဆေးရုံမှ မဆင်းမီ ရေရှည်ခံသော သန္ဓေတားနည်း များ စတင်လုပ်ဆောင် မှုကို ယင်းဆရာဝန်များအဖွဲ့က ထောက်ခံ သည်။

သန္ဓေတားဆေးထုပ်လေးများ မြှုပ်ထားခြင်းနှင့် IUD ကိရိယာ များမှာ အမျိုးသမီး အများစုနှင့် ဆယ်ကျော်သက်တွင်ပါ ထိရောက် သော နည်းလမ်းများဖြစ်သည်ဟု ကန်သားဖွားနှင့် မီးယပ်ဆရာဝန် များအဖွဲ့က ထောက်ခံချက်ပေးထားသည်။
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18