Print

ပန်းသေ၊ ပန်းညှိုးရောဂါ ကုသကြရာ

  28-Feb-2017
Preview Image

ပန်းသေ၊ ပန်းညှိုးရောဂါ ကုသကြရာ
ပန်းသေပန်းညိုးရောဂါ Erectile Dysfunction ဆိုတာက ကာမဆက်ဆံရာမှာ အမျိုးသားလိင်တံ သန်မာမာကျောတောင့်တင်းမှုမရှိလို့ ကျေနပ်တဲ့ ဆက်ဆံခြင်း မပြုနိုင်တာအပြင် သုက်မထိန်းနိုင်ဘဲ သုက်လွှတ်မြန်လွန်းခြင်းလည်း ပါဝင်ပါတယ်။ 

အသက်ရလာတာနှင့်အမျှ ဒီရောဂါဟာ အဖြစ်များပြီး အမျိုးသားအတော်များများကို စိတ်ဓာတ်ကျဆင်းစေပါတယ်။ တချို့မှာတော့ အိမ်ထောင်ရေး အဆင်မပြေသည်အထိ ဒုက္ခပေးတတ်ပါတယ်။ ဘာကြောင့် ပန်းသေပန်းညှိုးရောဂါဖြစ်သလဲဆိုတော့ ပင်ပန်းနွမ်း နယ်ပြီး စိတ်သောကတွေကြောင့် ဖြစ်သလို ခန္ဓာမှာဖြစ်ပေါ်တဲ့ ရောဂါတွေကြောင့် လည်း ဖြစ်ကြပါတယ်။ များသောအားဖြင့်တော့ စိတ်ပန်းလူပန်း ရောဂါ၂မျိုးစလုံး
ကြောင့် ဖြစ်လေ့ရှိပါတယ်။ 

ပန်းသေပန်းညှိုးရောဂါ ကုသမှုခံယူဖို့အတွက် သည်းခံစိတ်ရှည်တတ်သိနားလည် ကျွမ်းကျင်တဲ့ သမားကောင်းတော့ လိုအပ်လှပါတယ်။ အချိန်ယူရောဂါရာဇဝင် စစ်ဆေးပြီး လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ကာ လူနာကို အကြံပြု (counseling) ရမှာလား ၊ ဆေးဝါးနဲ့ ကုရမှာလား၊ အပြင်က လေစုပ်ကိရိယာ အသုံးပြုပေးမှာလား၊ ဟော်မုန်းဆေးပေး မှာလား၊ လိင်တံထဲ ဆေးထည့်ပေးမှာလား၊ လိင်တံဆီးပြွန်ထဲ ဆေးတောင့်ထည့် မှာလားဆိုတာ သုံးသပ်ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ 

တချို့လူနာများမှာတော့ ဒီနည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုကြပါတယ်။ ဒါပေမဲ့ မအောင်မြင်တဲ့အခါမှာတော့ လိင်တံအတွင်း ထည့်သွင်းအသုံးပြုရတဲ့ Penile Prosthesis implant ကို နောက်ဆုံးအနေနဲ့ စဉ်းစားဆောင်ရွက် ပေးနေပါတယ်။ 

ဆေးအနေနဲ့ကတော့ Sildenafil citrate Viagra က လူကြိုက်များလှပါတယ်။ ဒီဆေးဟာ သာမန်အားဖြင့် လိင်တံကို မကြီးမားစေသလို ကာမဆန္ဒကိုလည်း မနှိုးဆွပါဘူး။ သူအစွမ်းပြဖို့ ကာမဆန္ဒနှိုးဆွမှု ပြုလုပ်ပေးရပါတယ်။ ရောဂါကြောင့် မစွမ်းသူတွေအတွက် အသုံးဝင်လှပါတယ်။ ကာမရာဂနှိုးဆွရာမှာ လိင်တံကြီးထွားစေတဲ့ ဓာတုပစ္စည်းကို ဖျက်စီးတဲ့ အင်ဇိုင်းကို Viagra က ဟန့်တားလို့ ပန်းထလာတာ ဖြစ်ပါတယ်။ 

ဆီးချိုရောဂါသည်၊ ဆီးကျိတ် ထုတ်ထားသူနှင့် အာရုံကြောမကြီး ဒဏ်ရာရသူတွေ မှာတော့ ဒီဆေးဟာ အစွမ်းသိပ်မပြနိုင်ပါဘူး။ ဒီဆေးကို ကာမ မဆက်ဆံမီ ၁ နာရီကြိုတင်ပြီး Empty အစာအိမ် (အစာမရှိသည့်အချိန်) မှာ တစ်နေ့တစ်ကြိမ် သောက်ရမှာဖြစ်ပါတယ်။ လိုတာထက်ပိုသောက်မိပါက နောက်ဆက်တွဲအဖြစ် သွေးပေါင်ချိန်ကျကာ မူးစေခြင်း၊ မျက်နှာနီမြန်းလာခြင်း၊ အစာမကြေခြင်း၊ နှာပိတ်ခြင်းများ ဖြစ်တတ်ပါတယ်။ အချို့မှာတော့ မျက်စိမှုန်စေပြီး အရောင်ခွဲခြားမှု အားနည်းလာတတ်ပါတယ်။

နှလုံးရောဂါကြောင့် ရင်ဘတ်နာသူတွေ၊ သွေးတိုးထိန်းဆေးမျိုးစုံ သောက်သုံးနေ ရသူတွေမှာ ဒီဆေးကိုမပေးသင့်သလို Nitrate ပါတဲ့ ဆေးကိုလည်း ၂၄ နာရီအတွင်း မပေးရပါဘူး။ Ketoconazole မှိုသတ်ဆေး၊ Erythromycin ပိုးသတ်ဆေး၊ အစာအိမ်အချဉ်ဓာတ်လျော့ဆေး (Cimetidine)တွေက အသည်းမှာ Viagra ဓာတ်ပြုမှုကို ယိုယွင်းစေတာမို့ ဒီဆေးကို လျှော့ပြီး ပေးရမှာဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့်တော့ ဒီဆေးကို လျှော့ပြီး ပေးရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီဆေးကို ၂၅ မီလီဂရမ်ကနေ ၁၀၀ မီလီဂရမ်အထိ ရောဂါအခြေအနေအရ တဖြည်းဖြည်း တိုးပြီးစားနိုင်ပါတယ်။ Viagra နဲ့ Vardenafil နဲ့ Todalafil ဆေးတွေကိုလည်း သတိနဲ့ အသုံးပြုနိုင်ပါတယ်။ Vohimbine ဘယ်ဆေးနဲ့ Apomorphine တွေကိုလည်း အသုံးပြုကြပေမယ့် အာနိသင် မကောင်းလှဘဲ ပျို့ခြင်း၊ အန်ခြင်း၊ ချွေးထွက်ခြင်း၊ မူးဝေခြင်းနဲ့ နုံးချည့်ခြင်းများ ဖြစ်တတ်ပါတယ်။ 

အမျိုးသားကျားဟော်မုန်းဓာတ် အားနည်းသူတွေမှာတော့ ဟော်မုန်းဓာတ်ကို အလုံး၊ လိမ်းဆေး၊ ထိုးဆေးများအဖြစ် အသုံးပြုနိုင်ပါတယ်။ ထိုးဆေးက အာနိသင်အရှိဆုံးဖြစ်ပြီး ၂ ပတ်တစ်ကြိမ် ထိုးပေးရပါတယ်။ အဓိကအားဖြင့် ရာဂစိတ်ကို အားပေးပါတယ်။ 

လိင်တံထဲက သွေးကြောတွေ ကျယ်ပြီး သန်မာကြီးထွားစေတာဆိုတော့ Papa verin, PGE 1 နဲ့ Regitire ဆေးတွေကို လိင်တံအတွင်း ထိုးပေးနိုင်ပါတယ်။ ဒီဆေး ၃ မျိုးပေါင်း ထားတဲ့ Trimix ထိုးနေတာ အာနိသင်ရှိပေမဲ့ နာကျင်ပြီး အမာရွတ်ဖြစ်တတ်ပါတယ်။ 

ဒါကြောင့် ဒီ PGE 1 ကို လိင်တံဆီးပြွန်အတွင်း Suppository အဖြစ် ထိုးသွင်းပေး ပါက ၆၅% မှာ အာနိသင်ပြပါတယ်။ Viagra နဲ့လည်း တွဲသုံးနိုင်ပါတယ်။ ဒီဆေးတောင့်ကို ဆီးသွားပြီးမှ သွင်းကာ လိင်တံထိပ်ကို သားရေကွင်းခေတ္တစည်းထားပါက အာနိသင် ပိုကြာရှည်ခံပါတယ်။ ပန်းသေပန်းညှိုးရောဂါမှာ ခွဲစိတ်ကုသခြင်းကို မလိုအပ်လှတာရယ်၊ အကုန်အကျများတာရယ်၊ အောင်မြင်မှုရာနှုန်းလည်း မများတာရယ်ကြောင့် သိပ်ဆောင်ရွက် ပေးလေ့မရှိပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးမြသိန်းဟန်
Ziwaka magazine, July 2014, Pg.39-42

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18