Print

Contraception ပဋိသန္ဓေတားခြင်း

  28-Feb-2017
Preview Image

Contraception ပဋိသန္ဓေတားခြင်း

၁၉၅၀ ခုနှစ်များအတွင်း ပဋိသန္ဓေတားသော နည်းစနစ်မှာ လုံးဝပြောင်းလဲသွားပြီး အမျိုးသမီးဟော်မုန်း များပါသော ပဋိသန္ဓေတားဆေး သောက်သုံးခြင်း ခေတ်စားလာသည်။ ထိုဆေးများက သားဥပြွန်သို့ မမျိူးဥ မသွားနိုင်အောင် တားဆီးပေးထားသည်။ 

သားဆက်ခြားရေးအတွက် ပဋိသန္ဓေတားဆေးများကို သုံးဆောင်ရန် ကျန်းမာရေး စစ်ဆေးရန် လိုအပ်ပါသည်။ သွေးကြော ပိတ်ဆို့သော ရောဂါ၊ သွေးတိုးသော ရောဂါနှင့် လတ်တလော အသားဝါရောဂါများ ဖြစ်ပွားထားသော အမျိုးသမီးတို့တွင် အဓိက ထား စစ်ဆေးရမည်။ သောက်သုံးနေစဉ်အတွင်း အန်ခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်ပါက ဆေးမှာ အာနိသင် လျော့ပါး သွားနိုင်သောကြောင့် အထူးသတိထား၍ အခြားသော သန္ဓေတားနည်း တစ်မျိုးမျိူးကိုပါ တွဲဖက်သုံးသင့်ပါတယ်။ 

ထို့ပြင် သွေးကြောထုံးခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသော အမျိုးသမီးတို့ တွင် ရောဂါ ပိုမိုဆိုးလာစေနိုင်သဖြင့် ဆေးကိုသတိထား သုံးစွဲရမည်။အသက်(၃၅) နှစ် ကျော်ပြီး ဆေးလိပ်သောက်သူ အမျိုးသမီး တို့မှာလည်း အခြားသော သန္ဓေတားနည်းကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ကျင့်သုံးသင့်ပြီး သန္ဓေတားဆေးကို မသုံးသင့်ပါ။ ထို့ပြင် သန္ဓေတားဆေး သုံးပြီးနောက်တွင်လည်း အမျိုးသမီးတိုင်း ဆရာဝန်နှင့် (၃) လတစ်ခါခန့် ပထမတွင် ပြသစစ်ဆေးသင့်ပြီး နောင်တွင် တစ်နှစ်တစ်ခါခန့် ပြသတိုင်ပင်သင့်၏။ 

များသောအားဖြင့် သန္ဓေတားဆေးတို့သည် တစ်လတွင် (၃) ပတ်၊ တစ်ရက်တွင် တစ်လုံး သောက်သုံးရပြီး ဆေးသောက်ချိန် မမှန်ပါက သွေးအနည်းငယ် ဆင်းစေတတ်သဖြင့် အချိန်မှန် (အများအားဖြင့် အိပ်ရာဝင်ချိန်) သောက်သုံးရပါမည်။ (၄) ပတ်မြောက်တွင်မူ သားအိမ်နံရံမှ အမြှေးများ ကွာဆင်းလာပြီး ဓမ္မတာသွေး ပေါ်လာမည် ဖြစ်၏။

သန္ဓေတားဆေးတို့၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ပြင်းထန်မှု သိပ်မရှိဘဲ
ဆေးကတ်ပြားတွင် ပါသောစာရွက်တို့တွင် ဖော်ပြထားလေ့ရှိပါသည်။ (ဆေးသောက်ပြီးနောက် မိမိခံစားရသော ရောဂါဝေဒနာ တစ်စုံတစ်ရာရှိပါကမူ ဆရာဝန်နဲ့ ပြသရပါမည်။ ဆေးသောက်စဉ် ကာလအတွင်း လိင်စိတ်လျော့နည်းခြင်း၊ စိတ်ကျဝေဒနာ ခံစားရခြင်းတို့အတွက် ဗီတာမင် B6 ကို သောက်သုံးသင့်ပါ သည်။ 

ဆေးသောက်စဉ် ကာလအတွင်း ပဋိဝဆေးများ သောက်သုံးရပါက 
သန္ဓေတားဆေး၏ အာနိသင်ကို နည်းစေနိုင်သောကြောင့် ထိုရက်များအတွင်း သွေး အနည်းငယ်ဆင်းပါက အခြားသန္ဓေတားနည်း တစ်မျိုးမျိုးကိုပါ တွဲဖက်သုံးရပါမည်။

သန္ဓေတားဆေးတွင် ပါသော Oestrogen ဟော်မုန်းသည် သွေးကို ပိုမိုခဲစေသော ဂုဏ်သတ္တိရှိသဖြင့် အထူးသဖြင့် အသက် (၃၅) နှစ်ကျော်သူ ဆေးလိပ်သောက်သော အမျိုးသမီးများတွင် အထူး သတိထားရမည်။ နို့တိုက်မိခင်များနှင့် အသက် (၄၀) ကျော်သူ အမျိုးသမီးများအတွက် Progestogen ဟော်မုန်းတစ်မျိုးတည်း ပါဝင်သော သန္ဓေတားဆေးများနှင့် သင့်တော်သည်။ အာနိသင်မှာ ဟော်မုန်း (၂) မျိုးစလုံး ပါဝင်သော ဆေးများထက် မဆိုသလောက်သာ လျော့နည်းပြီး ဓမ္မတာလာသော ရက်များမှာ တစ်ခါတစ်ရံ မမှန်တတ်ပေ၊ သို့သော် ၎င်းဆေးများမှာ ဆေးသိပ်မပြင်းသောကြောင့် သွေးဆုံးသည် အထိ သောက်သုံးနိုင်ပါသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18