Print

အမျိုးသားများ ကလေးမရနိုင်သည့် အကြောင်းအရင်းများ

  28-Feb-2017
Preview Image

အမျိုးသားများ ကလေးမရနိုင်သည့် အကြောင်းအရင်းများ
ကလေးမရနိုင်သော ဇနီးမောင်နှံတွင် အနည်းဆုံး ရာခိုင်နှုန်း ၂၀ မှာ ယောကျ်ားဖြစ်သူ ချွတ်ယွင်းနေကြောင်း တွေ့ရှိရသည်။ ယောကျ်ားများတွင် ကလေးမရနိုင်သော ချွတ်ယွင်းချက်များကို တင်ပြရသော် -

၁။ ကလေးရရှိနိုင်ကြောင်းကို ထိခိုက်သည့် အများဆုံးဖြစ်တတ်သော ပိုးသုံးမျိုး ဝင်ရောက်ကူးစက်ခြင်းကြောင့် ရောင်ရမ်းခြင်းကို ဖြစ်စေတတ်သည်မှာ ကလာမီဒီယာ (CHLAMYDIA)။ နိုင်စီရီယာဂိုနိုရီယာ (NEISSERIA GONORRHOE) နှင့် ယူရီယာပါလာစ်မာ ယူရီယာလီတီကမ် (UREAPLASMA UREALASMA) တို့ဖြစ်ကြသည်။ U.UREALYTICUM ပိုးသည် မသိရသော်လည်း ပိုးကင်းစင်အောင် ကုသချက်ပေးလိုပါက မျိုးပွားခြင်း အခြေအနေကို တိုးတက်ကောင်းမွန်စေသည်။

ဒေါ့စီစိုင်ကလင်း (DOXYCYCLINE) ဆေးကို နှုတ်အားဖြင့်ပေးလျှင် ယင်းပိုးများကို ကင်းစင်စေနိုင်သော်လည်း ကလာမီဒီလာနှင့် ဂိုနိုရီယာ (CHLAMYDIAAND GONORRHOEA) ပိုးများကြောင့် တစ်သျှူးပျက်စီးမှုနှင့် အမာရွတ်ဖြစ်မှုသည် ရှိမြဲဖြစ်နေတတ်သည်။ ထို့ကြောင့် ယောကျ်ားများတွင် ဝှေးစေ့မှစစ်၍ ထွက်သောရည်ပြွန် (VAS DEFERENS) ကို ခွဲစိတ်၍ ပြန်လည်ပြုပြင် တည်ဆောက်ယူရတတ်သည်။ 

 

၂။ သွေးပြန်ကြော ဖောင်းကြွထုံးနေသောရောဂါ (VARICOCELE OF THE SPERMATICVEIN) ကလေးရရှိနိုင်ခြင်းကို မည်သို့ဟန့်တားသည်ဆိုသော အချက်မှာ မသဲကွဲလှပေ။ ယင်းသွေးပြန်ကြော ဖောင်းကြွထုံးနေခြင်းကို ခွဲစိတ်၍ ချည်နှောင်လိုက်လျှင် သုက်ရည်အရည်အချင်းများ ရာခိုင်နှုန်း ၅၀ မှ ရာခိုင်နှုန်း ၇၀ အထိ တိုးတက်ကောင်းမွန်
လာကြောင်း တွေ့ရသည်။

 

၃။ ယောကျ်ားများတွင် ကလေးမရနိုင်သော ဖြစ်ခဲသည့် အကြောင်းအရာရှိသည်။ မည့်သည့် အကြောင်းကြောင့် မဆို အတွင်းဝ ကြွက်သားများ၏ လုပ်ငန်းအက်ကွဲပျက်စီးခြင်း ဖြစ်
ခဲ့သော် ဥပမာ ဆီးကျိတ် (သို့) ဆီးအိတ်ကို ခွဲစိတ်ရခြင်း၊ သွေးတိုးကျစေသော ဆေးများ
သောက်သုံးရခြင်း၊ နောက်ကျောရိုးအတွင်း အာရုံကြောမနှင့် ဆီးချိုရောဂါ တို့ဖြစ်သည်။ လိင်ဆက်ဆံပြီး ဆီးတွင်း သုက်ရည်ကို စုလာစေရန် ဆောင်ရွက်ပြီး ခင်ပွန်းသုက်ရည်ကို ဇနီး၏ သားအိမ်အတွင်းသို့ သားအိမ်လည်တိုင်မှတဆင့် သွားပေးနိုင်သည်။ 

 

၄။ ယောကျ်ားများတွင် ဟော်မုန်းဓာတ်များ မူမမှန် မညီညွတ်ခြင်း ဖြစ်နိုင်သည်။
ရောဂါတော်တော် များများတွင် FSH ဟော်မုန်းဓာတ် မြင့်တက်နေသည်။ ဥပမာ တစ်ချို့ ပြရသော် ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းသို့ ဆင်းသက်ခြင်းမရှိ၊ (CRYTORCHISM)
ဝှေးစေ့ဖြစ်ပေါ်မှု မူမမှန်ခြင်း (TESTICULAR AGENESIS) ၊ ပါးချိတ်ရောင်ရောဂါ၊ (MUMPS) စသည်တို့ဖြစ်သည်။ FSH (HORMONE) ဟော်မုန်းဓာတ် မြင့်တက်နေခြင်းမှာ မူလ အစကတည်းက ဝှေးစေ့လုပ်ငန်း ပျက်စီးနေခြင်းကို ပြဆိုနေပေရာ ကုသချက်မှာ
အောင်မြင်မှု အလွန်နည်းပါသည်။

 

၅။ ကလေးမရနိုင်သော အမျိုးသမီးများနှင့် အမျိုးသားများတွင် သုက်ကောင်များကို တန်ပြန်
သည့် ပဋိပစ္စည်းများ တွေ့ရသည်။ ကလေး ရရှိနိုင်ခြေရှိသောသူများတွင်လည်း တွေ့ရတတ်သည်။ ယင်းသို့ဖြစ်ပေါ်မှုမှာ မသဲကွဲလှပေ။ ကော်တီဇုန်းဆေး (CORTISONES) ပေးနိုင်
သည်။ သုက်ကောင်အပိုင်း စုစည်းမှု (SPERM FRACTION CONCENTRATION) ကို သားအိမ်လည်တံမှတဆင့် သားအိမ်အတွင်းသို့ သွင်းပေးခြင်းလည်း ပြုကြသည်။

 

၆။ ဝှေးစေ့တွင် ရောဂါဖြစ်ခြင်း ဥပမာ တီဘီရောဂါ၊ ဆစ်ဖလစ် (SYPHILIS)၊ ကာလသား
ရောဂါနှင့် အလုံးဖု (TYMOURS) ဖြစ်ခြင်းတို့ ပါဝင်ပေသည်။

 

၇။ ဝှေးစေ့အား အပူဒဏ်ကို ထိတွေ့ခံစားခြင်းသည် သုက်ကောင်ဖြစ်ပေါ်မူကို ဆုတ်ယုတ်
စေသည်။ အနည်းဆုံး ခေတ္တခဏအတွက် ဖြစ်နိုင်သည်။ ခဏခဏရေနွေးဖြင့် ရေချိုးခြင်း (သို့) နိုင်လွန် အတွင်းခံဝတ်ခြင်း၊ ကျပ်စည်းထားသော အတွင်းခံအဝတ်အစားများ ဝတ်ခြင်းတို့ဖြစ်သည်။

 

၈။ အသက်အပိုင်းအားဖြင့် ကလေးရရှိနိုင်မှု အခြေအနေသည် ဆုတ်ယုတ်လာနိုင်သည်။
အသက် ၄၀ နှစ်ကျော်သော ယောကျ်ားများတွင် သုက်ကောင်များ ဖြစ်ပေါ်မှုရှိသော်လည်း ကလေးရရှိနိုင်မှုမှာ ဆုတ်ယုတ်ကျဆင်းလာတတ်သည်။ 

 

၉။ ဝှေးစေ့လုပ်ငန်း ဖိနှိပ်လျော့နည်းလာစေသည့် ရောဂါများကြောင့်လည်းဖြစ်သည်။ 
အင်ဒိုဂရင်း ဂလင်းရောဂါများ (DISEASE OF THE ENDOCRINE GLANDS) အထွေ
ထွေကျန်းမာရေး ချို့တဲ့ခြင်းမှာ ဆေးနှင့်အဆိပ်များကြောင့် ဖြစ်နိုင်သည်။ ဆာလ်ဖာဆေးများသည် ခဏတာမျှ ကလေးမရနိုင်ခြင်း ဖြစ်စေနိုင်သည်။ ဆေးလိပ်တွင် ပါရှိသော နီကိုတင်း (NICOTINE) ဓာတ်မှာ အဆိပ်အတောက်ဖြစ်စေနိုင်သည့်အတိုင်းအတာအထိ ပေးမှဆို
သည်ကို တိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိသည်။ အထွေထွေရောဂါကြောင့် ဗီတာမင် ဘီ ၁၂ (B12) ဓာတ် ဖိုလိတ်ဓာတ် (FOLATE) နှင့် အခြားဓာတ်ချို့တဲ့မှု အခြေအနေများသည် ယောကျ်ားများတွင် ကလေးမရနိုင်သော အကြောင်းအရာများအဖြစ် ထောက်ခံအတည်ပြုထားချက်ရှိသည်။

 

၁၀။ ပြွန်များ နှစ်ဖက်လုံး ပိတ်ဆို့မှု ဖြစ်နေခြင်း (BILATERAL OBSTRUCTION OF THE EJACULATORY DUC –TS) ကြောင့်ဖြစ်သည်။ ထိခိုက်ဒဏ်ရာရမှုကြောင့် ခွဲစိတ်ကုသမှုကြောင့် ဖြစ်နိုင်သည်။ အထူးသဖြင့် အူကျွံရောဂါ ခွဲစိတ်မှု (HERNIA) ဖြစ်သည်။ ပိုးကူး
စက်ဝင်ရောက်မှု အထူးသဖြင့် ဂိုနိုပိုးဖြစ်သည်။ ပြွန်ကို ရောင်ရမ်းစေသည်။ မွေးရာပါချွတ်
ယွင်းချက်ကြောင့် ပြွန်မပါရှိခြင်း (သို့) ပိတ်ဆို့မှုကြောင့်လည်း ဖြစ်နိုင်သည်။

 

၁၁။ ယောနိလမ်းကြောင်း အတွင်းသို့ သုက်ကောင်ချထားနိုင်ခြေမရှိ ပျက်ကွက်ခြင်း။ 

(FAILURE TO DEPOSIT SEP –RMATOZOAIN THE VAGINA)
• ပန်းသေနေခြင်း (IMPOTENCE)
• စောလွန်းစွာ သုက်ရည်ကို ထုတ်ပစ်လိုသည်။ (PREMATUREEJACULATION)
• ယောကျ်ားလိင်တံ မူမမှန် မညီမညွတ် ဖြစ်နေခြင်း (ABNORMALITINES OF THE PENIS) ယောကျ်ားလိင်တံအောက်တွင် မွေးရာပါ အကွဲကလေးဖြစ်နေခြင်း (HYPOSPADIUS) နှင့် လိင်တံအရှေ ့ဆုုံးရှိ အရေပြားအုပ်ကျဉ်းနေခြင်း (PHIMOSIS)
• ဆီးအိတ်အတွင်း သုက်ရည်နောက်ပြန်ထွက်ကျခြင်း (RETROGRADE EJACULATION INTO THE BLADDER) တို့ဖြစ်သည်။

 

၁၂။ သုက်ရည်အတွင်းမှာ မှားယွင်းမှုများရှိခြင်း (ERRORS IN THE SEMINAL FLUID) သုက်ရည် များလွန်းခြင်း (သို့) နည်းလွန်းခြင်းတို့ဖြစ်သည်။

 

၁၃။ FRUCTUSE သကြားဓာတ်နည်းခြင်း (သို့) ပရော့စ်တာ ဂလန်ဒင်
(PROSTAGLANDIN) ဓာတ် မြင့်တက်နေခြင်းနှင့် သုက်ရည်စေးထန်းခြင်းကြောင့်လည်း
ဖြစ်နိုင်သည်။

 

၁၄။ လိင်ဆက်ဆံရာတွင် လွဲမှားခြင်း (COITALERRORS) တစ်ရာခိုင်နှုန်း နှစ်ရာခိုင်နှုန်းတို့၌ လက်ထပ်ခြင်း အထမမြောက်ကြောင်း တွေ့ရသည်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး မသိရှိကြပေ။

အမျိုးသမီးများသည် အိမ်ထောင်သက် နှစ်နှစ်တွင် ကလေးမရသေး၍ လာရောက်ပြသခဲ့
သည်။ အတွင်းစမ်းသပ်ကြည့်ရာတွင်ထူ၍ ခိုင်မာတောင့်တင်းသော ကညာမြှေး (THICK AND TOUCH HYMEN) ကို စမ်းသပ်တွေ့ရှိသည်။ လက်ထပ်ခြင်း အထမမြောက်သေး
ကြောင်း သိရသည်။ ခင်ပွန်း၏ လိင်တံသည် ယောနိအတွင်း ထိုးဖောက်ဝင်နိုင်ခြင်း
မရှိကြောင်း သိရသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, February 2016, Pg. 23

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18