Print

သုတ်ရည်ပြင်ပစွန်႕ထုတ်နည်း (Withdrawal)

  28-Feb-2017
Preview Image

သုက်ရည်ပြင်ပစွန့်ထုတ်နည်း (Withdrawal)
လိင်ဆက်ဆံလို့ မပြီးဆုံးမီမှာ လိင်တံကို မိန်းမကိုယ်ရဲ့အပြင်ဘက်ကို အမြန်ဆုံးဆွဲထုတ်ပြီး သုက်ရည်ကို စွန့်ထုတ်လိုက်တဲ့နည်းဖြစ်တယ်။ သုက်ကောင််လေးတွေ သားအိမ်ထဲ ဝင်လို့မရတော့ဘဲ အပြင်ကို ရောက်သွားတယ်။

 

၁။ သုက်ရည်ပြင်ပစွန့်ထုတ်နည်းရဲ့ ကောင်းတဲ့အချက်တွေကတော့ 

ပိုက်ဆံလည်းတစ်ပြားမှမကုန်ဘူး။ အချိန်မရွေးနေရာမရွေး အသုံးပြုနိုင်တယ်။
အမျိုးသားဟာ တာဝန်ယူထိန်းသိမ်းနိုင်စွမ်းရှိဖို့ အရေးကြီးတယ်။ အချိန်ကိုက် ဆွဲထုတ်နိုင်တဲ့ အလေ့အကျင့်ရှိရင် လွယ်ကူတဲ့ နည်းဖြစ်ပါတယ်။ ဘာဆေးတွေ၊ ဟော်မုန်းတွေ၊
ပစ္စည်းတွေမှ သုံးဖို့မလိုတဲ့အတွက် အဲဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ အန္တရာယ်လုံးဝမရှိနိုင်တော့ပါဘူး။ ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ထိခိုက်မှုမရှိဘူး။ နို့တိုက်မိခင်တွေမှာ သုံးရင်လည်း မိခင်နို့ထွက်တာကို ဘာမှမထိခိုက်ဘူး။ ဘာပစ္စည်းကိရိယာမှလည်း မလိုအပ်ပါဘူး။ စုံတွဲတွေအတွက် လိင်အင်္ဂါချင်း တိုက်ရိုက်ထိတွေ့ခွင့်ရလို့ လိင်ဆက်ဆံရာမှာ အနှောင့်အယှက် အတားအဆီးမရှိဘဲ သာယာမှုအပြည့်အဝရတယ်လို့ဆိုကြသည်။ (ကွန်ဒုံးသုံးရင်တော့ နှစ်ဦးရဲ့ကြားထဲမှာ ကြားခံပစ္စည်းတစ်ခုခု ခံနေသလို ခံစားရတယ်။

 

၂။ သုက်ရည်ပြင်ပစွန့်ထုတ်နည်းရဲ့ မကောင်းတဲ့အချက်ကတော့

အခြားနည်းတွေနှင့်နှိုင်းယှဉ်ရင် စိတ်မချရဆုံးနည်းတစ်ခုဖြစ်တယ်။ မိမိဘယ်အချိန်မှာ သုက်လွှတ်သွားမယ်ဆိုတာကို မခန့်မှန်းနိုင်တဲ့ ပြီးတော့ သုက်လွှတ်တာမြန်တတ်တဲ့
အမျိုးသားတွေအတွက် ဒီနည်းဟာအလကားပဲ။ တစ်ခါတစ်ရံမှာ ဒီနည်းကိုသုံးပြီး လိင်ဆက်ဆံနေတုန်း သုက်မလွှတ်မီ၊ မပြီးဆုံးမီမှာ မတော်တဆ သုက်ကောင်လေးတွေ ထွက်သွားတယ်ဆိုရင် တချို့ကပြင်ပမှာ သုက်ရည်စွန့်ထုတ်ဖို့ လိင်တံကို မိန်းမကိုယ်ပြင်ပကို 
ဆွဲထုတ်ရာမှာ အနည်းငယ်အချိန် နှောင့်နှေးသွားခဲ့ရင် တစ်ခါတစ်ရံ မိန်းမကိုယ်အဝမှာ
သုက်ရည်တွေ ပေကျံသွားခဲ့ရင် ဒီနည်းသုံးပေမယ့် မတော်တဆကလေးရသွားနိုင်တယ်။

တစ်ခါတလေ သုက်တကယ်မလွှတ်ခင် ထွက်လာတဲ့ ရှေ့ပြေးအရည်ကြည်တွေထဲမှာ သုက်ကောင်ကလေးတွေ မတော်တဆ ပါလာတတ်သည်။ ပထမအကြိမ် လိင်ဆက်ဆံတုန်းက ယောကျ်ားရဲ့လိင်တံမှာ ပေကျံနေတဲ့ သုက်ရည်ကြည်တွေမှာ သုက်ကောင်လေးတွေကပ်ပြီး ကျန်ရစ်တတ်တာမို့ ထပ်ကာတလဲလဲ လိင်ဆက်ဆံတတ်တဲ့ ဇနီးမောင်နှံတွေမှာ ဒီနည်းကိုမသုံးသင့်ပါဘူး။ သိပ်ပြီးစိတ်မချရတဲ့ အတွက် မတော်တဆ ကလေးရသွားရင် 
အကြီးအကျယ်ဒုက္ခရောက်မယ့် စုံတွဲတွေမှာ လုံးဝမသုံးသင့်ဘူး။ သုံးရင်မတော်တဆ
ကလေးရသွားလည်း အရေးမကြီးပါဘူးလို့ စိတ်ထားရှိတဲ့ အခြေအနေမျိုးရှိတဲ့ စုံတွဲတွေမှာသုံးနိုင်တယ်။ 

မိမိသုက်လွှတ်မယ့်အချိန်ကို ခန့်မှန်းတွက်ချက်ဖို့ ခက်ခဲတဲ့ သုက်လွှတ်မြန်တတ်တဲ့ အမျိုးသားတွေမှာ မသင့်တော်ပါဘူး။ အဲဒီလိုစုံတွဲမျိုးမှာ သွားသုံးမိရင် လိင်ဆက်ဆံချိန်မှာ 
အပြည့်အဝ သာယာမှုမရှိဘဲ မတော်တဆ သုက်ဟာမထိန်းနိုင်ဘဲ ထွက်သွားမလားဆိုတာကို တစ်ချိန်လုံး စိုးရိမ်ပူပန်မှုဖြစ်တတ်တယ်။ အသုံးများကြပေမယ့် စိတ်သိပ်မချရတဲ့၊
ပြီးတော့လိင်မှုဆိုင်ရာရောဂါတွေ ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်နိုင်တဲ့နည်းဖြစ်ပါတယ်။

 

၃။ သုက်ရည်ပြင်ပစွန့်ထုတ်နည်းသုံးတာက သန္ဓေတားတဲ့နေရာမှာ 

(၉၆) ရာခိုင်နှုန်း စိတ်ချရပါတယ်။ ဆိုလိုတာက စုံတွဲအယောက် (၁၀၀) မှာ တစ်နှစ်တိတိ ဒီနည်းကိုသုံးရင် အမျိုးသမီး (၄) ယောက် ကိုယ်ဝန်ရနိုင်တယ်ပေါ့။ သေသေချာချာ
စနစ်တကျ မသုံးရင်တော့ (၂၇) ယောက်လောက်အထိ မလိုချင်ဘဲ ကိုယ်ဝန်ရသွားနိုင်
တယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးဆက်ပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ််ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18