Print

ဆယ်ကျော်သက် များအတွက် သားဆက်ခြားနည်း(Birth Spacing for Adolescents)

  28-Feb-2017
Preview Image

ဆယ်ကျော်သက် များအတွက် သားဆက်ခြားနည်း(Birth Spacing for Adolescents)

ကိုယ်ဝန်ကိုဖျက်မချဘဲ ဆက်ယူရင်ကော၊ ပြဿနာတွေ မသေးပြန်ဘူး။ သူတို့လေးတွေက ကလေးသာသာအရွယ်မို့ မိမိရဲ့ကိုယ်ဝန်ကို စနစ်တကျမထိန်းသိမ်း မစောင့်ရှောက်တတ်ကြဘူး။ ကိုယ်ဝန်ကို သေချာအပ်နှံဖို့ မှန်မှန်ပြသဖို့လည်း ဂရုမထားကြဘူး။ ကောင်းကောင်းမွန်မွန် မစားသောက်ကြတာမို့ မိခင်ရောကလေးပါ အစာအာဟာရချို့တဲ့တဲ့အဖြစ်မျိုး
ကြုံရတတ်ပါတယ်။ ကလေးပျက်ကျတဲ့နှုန်း ပိုများတယ်။ လမစေ့ပေါင်မပြည့်တဲ့ ကလေး
လေးတွေ မွေးတတ်တယ်။ မွေးကင်းစ ကလေးသေနှုန်း မြင့်မားတယ်။ ကလေးကို မွေးပြီး တော့ သေချဂရုပြုစောင့်ရှောက်မှုမှာ အားနည်းတော့ ကလေးငယ်ငယ်မှာ ပြဿနာ မျိုးစုံဖြစ်ပြီးသေတတ်တယ်။

ဒီအရွယ်ကလေးတွေ ကိုယ်ဝန်ရလာရင် ပထမဆုံးပြဿနာက ဒီကိုယ်ဝန်အများစုဟာ 
မလိုချင်ဘဲ မရည်ရွယ်ဘဲ မမျှော်မှန်းဘဲရလာတဲ့ ကိုယ်ဝန်တွေပဲ။ထိပ်ဆုံးကကြုံရမယ့် ပြဿနာကတော့ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချပစ်ချင်းပါပဲ။ ကလေးဖျက်တဲ့ ကိစ္စဟာ တကယ်
လည်း မတတ်ကျွမ်းတဲ့ ရမ်းကုတွေရဲ့ ပိုက်ဆံရလိုမှု သက်သက်နဲ့ ဥပဒေပြင်ပ ကြိုးတန်း
ပေါ် လမ်းလျှောက်ရသလို အန္တရာယ်များလှတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ငွေတွေ နင့်နေအောင်ပေးရမယ်။ စနစ်တကျ ပိုးမသတ်ထားတဲ့ ညစ်ညစ်ပတ်ပတ် ပစ္စည်းတွေသုံးမယ်၊ အဆင်မသင့်ရင် သွေးလွန်ပြီး သေနိုင်တယ်။ ရောဂါပိုးမွှားတွေ ဝင်ရောက်ပြီး သွေးဆိပ်တတ်ပြီး
သေနိုင်တယ်။ သားအိမ်ပေါက် မေးခိုင်ပိုးဝင်ပြီး အသေဆိုးနဲ့ သေနိုင်တယ်။

မသေဘဲ အသက်ရှင်ရင်တောင် ဒီရောဂါပိုးမွှားတွေရဲ့ ဖျက်ဆီးမှု ဒဏ်ရာဒဏ်ချက် တွေကြောင့် သားဥပြွန်တွေ ပျက်ဆီးပိတ်ဆို့သွားပြီး ကလေးလိုချင်ရင် မရတော့တာ၊ လိင်ဆက်ဆံရင် နာကျင်မှု ဝေဒနာခံစားရတာ၊ တစ်သက်လုံး ကိုက်ခဲနာကျင်ပြီး အိမ်ထောင်ရေး
ပြဿနာတွေနဲ့ ကြုံကြိုက်ရတာတွေလည်း တစ်ပုံတစ်ပင်ပါပဲ။ 

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်လေးတွေမှာ သွေးအားနည်းရောဂါ၊ ကိုယ်ဝန်ဆိပ်တက်ရောဂါတွေလည်း ပိုပြီးအဖြစ်များပါတယ်။ HIV အေအိုင်ဒီအက်စ်ရောဂါအပါအဝင် 
လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း ပိုပြီးအဖြစ်များတယ်။

ဆယ်ကျော်သက်မိန်းကလေးတွေ သုံးသင့်တဲ့ သားဆက်ခြားနည်း တစ်မျိုးကတော့ ကွန်ဒုံးပါပဲ။ မလိုလားအပ်တဲ့ ကိုယ်ဝန်တင်မက လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ
တွေရဲ့ အန္တရာယ်ကိုလည်း ကာကွယ်နိုင်တာမို့ ကာကွယ်မှု နှစ်မျိုးစလုံးရစေတယ်။ တစ်ဦးထက်မက အပျော်အဖော်တွေနဲ့ ဆက်ဆံတတ်သူတွေ၊ ရောဂါပိုးကူးစက်နိုင်တဲ့ အန္တရာယ်ရှိသူတွေမှာ ဒီနည်းကို သုံးသင့်တယ်။ သုံးစွဲပုံ သုံးစွဲနည်း မှန်ကန်ဖို့လိုအပ်တယ်။

ဆယ်ကျော်သက် ကလေးတွေအားလုံး သိသင့်တဲ့ သားဆက်ခြားနည်းကတော့
အရေးပေါ် သားဆက်ခြားနည်းပါပဲ။ အကြောင်းကြောင်းကြောင့် ဘယ်သားဆက်ခြားနည်းကိုမှ မသုံးမိဘဲ လိင်ဆက်ဆံမိတဲ့အခါ၊ သုံးပါလျက်နဲ့ ကလေးမတော်တဆ ရနိုင်တဲ့အခြေအနေ၊ ဥပမာ ဆေးသောက်ဖို့မေ့တဲ့အခါ ကွန်ဒုံး သုံးပါလျက်နဲ့ ကျွတ်ထွက်ပေါက်ပြဲတဲ့အခါတွေမှာ ဒီနည်းကို သုံးဖို့ အရေးကြီးပါတယ်။

လိင်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီမတိုင်ခင်ဆိုရင် ဆေးပြားလေးနှစ်ပြား (Ecee2) သို့မဟုတ် Postinor ကိုတစ်ခါတည်း သောက်ရုံနဲ့ လုံလောက်တယ်။ ၇၂ နာရီကျော်သွားပြီဆိုရင်တော့ သားအိမ်တွင်းထည့် ပစ္စည်းထည့်ပေးရတော့မယ်။ နီးစပ်ရာဆရာဝန်၊ ကျန်းမာရေးငှာနမှာ အကူအညီတောင်းနိုင်ပါတယ်။

အလွယ်ဆုံး သုံးလို့ရတာက ဟော်မုန်းနှစ်မျိုးပါတဲ့ တားဆေးကတ် ကလေးပါပဲ။ ဝယ်ရတာလည်းလွယ်၊ ဈေးလည်းသိပ်မကြီး၊ ထိရောက်မှုကလည်း ရှိတာကြောင့် အသုံးများ
တယ်။ ရာသီမှန်စေတယ်။ ကိုက်ခဲနာကျင်မှုတွေကိုလည်း နည်းစေတယ်။ ရာသီအများကြီး
မလာတော့ဘူး။ ကြီးလာရင် သားအိ်မ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတွေ ဖြစ်နိုင်တဲ့ 
အန္တရာယ်ကလည်း ကာကွယ်ပေးတယ်။ တစ်ခါတစ်ရံ ကြုံရတတ်တတ်တဲ့ နှလုံးသွေးကြောပိတ်တဲ့ အန္တရာယ်ဆိုတာကလည်း ဆယ်ကျော်သက် အရွယ်လေးတွေမှာ ဖြစ်နိုင်ခြေ 
သိပ်နည်းပါတယ်။ ဒီဆေးသောက်ရင် စီးကရက်ကိုတော့ ရှောင်သင့်တယ်။ ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ ရောဂါရှင်တွေမှာတော့ ဒီဆေးအစား တစ်ခြားနည်းလမ်းကို သုံးသင့်တယ်။

ဒီဆေးသောက်ရင် ဆေးဆက်မသောက်ချင်တော့ဘဲ ရပ်ပစ်တဲ့အထိဖြစ်စေတဲ့ ပြဿနာလေးတွေကတော့ စသောက်သောက်ချင်း ရာသီ သွေးဆင်းမမှန်တာလေးတွေ၊
ဆေးသောက်ရင် သွေးဆင်းတာ၊ ဆေးတစ်ကတ်ကုန်ပေမယ့် ရာသီမလာတာ၊ ဝက်ခြံ 
ကလေးတွေ ပိုထွက်လာတာ၊ ပျို့အန်ချင်တာ၊ နည်းနည်းဝလာတတ်တာ၊ စိတ်ခံစားချက် အပြောင်းအလဲလေးတွေ ရှိလာတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် စိတ်အရမ်းပူပန်ပြီး ဆေးကို ရပ်မပစ်ဖို့ အားပေးနှစ်သိမ့််ရမယ်။ ဒီပြဿနာလေးတွေ အားလုံးနီးပါးဟာ ဆေးဆက်သောက်ရင်း လအနည်းငယ်အကြာမှာ သူ့အလိုလို ပျောက်ကင်းသက်သာသွား တတ််လို့ပါပဲ။
ဆေးကိုအချိန်မှန်မမေ့ဘဲ နေ့စဉ်သောက်ဖို့၊ မတော်တဆမေ့သွားခဲ့ရင် မေ့မေ့ချင်း ဆေးကို ပြန်သောက်ဖို့ လိုတယ်။

နောက်တစ်ခု အရေးကြီးတဲ့ကိစ္စကတော့ ဒီဆေးကိုသောက်နေတာဟာ ကိုယ်ဝန်မရအောင်ပဲ ကာကွယ်နို်င်တာ။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုတော့
မကာကွယ်နိုင်ဘူးဆိုတာပဲ။ ဒါ့ကြောင့် မိမိရဲ့ လိင်ဆက်ဆံဘက်မှာ တခြားအပျော်
အဖော်တွေ ရှိမယ်၊ မိမိကလည်း တစ်ယောက်တည်းမက ဆက်ဆံမိတယ်။ ရောဂါကူးစက်
ခံရဖို့ မသင်္ကာရတဲ့ အခြေအနေမျိုးမှာ “ကွန်ဒုံး” ကို ပါသုံးသင့်တယ်။ ဒါမှ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေရဲ့ အန္တရာယ်ကပါ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်အသုံးများတဲ့ နည်းတစ်နည်းကတော့ သုံးလခံထိုးဆေး “Depo” ပါပဲ။ ၃လမှ တစ်ခါ ထိုးရတယ်။ သောက်ဆေးမှာလို နေ့တိုင်းလိုလိုသတိတရ သောက်နေစရာမလိုဘူး။ ထိရောက်မှုလည်း ရှိတယ်။ တစ်ခုပဲ ဝဖြိုးလာတတ်တာရယ်၊ ရာသီတွေမှန်မှန်မလာတော့ဘဲ ကမောက်ကမ ဖြစ်တာတွေရယ်ကတော့ ဒီထိုးဆေးရဲ့ မကောင်းတဲ့ အချက်ပါပဲ။ သတိမေ့တတ်တဲ့၊ သတိသိပ်မကောင်းတဲ့၊ စိတ်သိပ်မမှန်တဲ့ မိန်းကလေးတွေနဲ့ သင့်လျော်တဲ့နည်း
ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : မျိုးပွားကျန်းမာရေး ( အမေး - အဖြေစာအုပ် )

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18