Print

လိင်တူကြိုက်ခြင်း၏ အကြောင်းရင်းများ

  28-Feb-2017
Preview Image

လိင်တူကြိုက်ခြင်း၏ အကြောင်းရင်းများ
 

အချို့သော ပုဂ္ဂိုလ်တို့က လိင်တူကြိုက်ခြင်းသည် မွေးရာပါဆန္ဒတစ်ရပ်ဖြစ်သည်ဟု ယူဆကြသော်လည်း အချို့ကမူ ဟော်မုန်းများ ညီမျှမှုမရှိခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြကြသည်။ စိတ်ကုပညာရှင်များနှင့် သုတေသီအများစုကမူ အကြောင်းဆက်ခြင်း နှင်က ညှိ
ယူခြင်းဟူသော စိတ်ပိုင်းဆိုင်ရာ ကိန်းများကြောင့် လိင်တူကြိုက်မှု ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ဖော်ပြရှင်းလင်းကြသည်။ စိတ်ဒုက္ခဖိစီးမှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အတွေ့အကြုံများသည် လိင်တူကြိုက်ဆန္ဒ ပေါ်ပေါက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုသည်။အလွှာအသီးသီးမှလိင်တူကြိုက်သူ ၂ဝဝကျော်ကို လေ့လာခဲ့သူ ဟင်နရီက သူ၏တွေ့ရှိချက်များကို အောက်ပါအတိုင်းဖော်ပြခဲ့၏ လိင်ဖောက်ပြန်သူဆိုသည်မှာ 
သာမာန်လူများကဲ့သို့ ဆန့်ကျင်ဘက်လိင်တို့နှင့် ဆက်ဆံမှုမပြုလုပ်နိုင်သောကြောင့် 
အခြားနည်းလမ်းများဖြင့် သူ၏ဆန္ဒကို ဖော်ထုတ်နေရသူ တစ်ဦးဖြစ်သည်။ 

ထိုဆန္ဒသည် လူ့ယဉ်ကျေးမှုကြောင့်ပေါ်ပေါက်လာရခြင်း ဖြစ်ဟန်လည်းတူ၏။ လူဆိုသည်မှာ အိုးအိမ်ထူထောင်ပြီး မိမိထံမှ ပေါက်ဖွားလာသည့်ရင်သွေးငယ်များကို ပြုစုပျိုးထောင်ပေးရသည့်တာဝန်ကို ထမ်းဆောင်ရသည်။ လိင်တူကြိုက်သူများသည် ထိုတာဝန်ကို ထမ်းဆောင်ရန် စွမ်းရည်လည်း မရှိကြသူများဖြစ်ကြသည်။ ဓလေ့ထုံးစံက တောင်းဆို
သည့် မိဘတို့၏ မြားမြောင်လှသော တာဝန်များကို ရှောင်ရှားလိုသောကြောင်က ဆန့်ကျင်ဘက်လိင်အား ချစ်ခင်စွဲလမ်းရမည့်အစား လိင်တူအချင်းချင်းကိုသာ နှစ်သက်သဘော
ကျနေခြင်းဖြစ်ပေသည်။ လိင်တူကြိုက်အပြုအမူသည်ဆက်ဆံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ
ပြင်ပတွန်းအားများကြောင့် ပေးပေါက်လာရခြင်းဖြစ်သည်ဟူသည့် အယူအဆကို အထက်ပါတွေ့ရှိချက်များက ထောက်ခံလျှက်ရှိပေ၏။ လိင်တူကြိုက်ဆန္ဒ ပေါ်ပေါက်ရေးတွင် အောက်ပါစိတ်ပိုင်းဆိုင်ရာ ပြင်ပကိန်းများသည်လည်း အရေးပါသည်။

 

၁။မိမိနှင့်ဆန့်ကျင်ဘက် လိင်ဖြစ်သူ မိဘတစ်ဥိးနှင့်ပဋိပက္ခဖြစ်ခြင်း၊ အဆင်မပြေဖြစ်ခြင်း

ဖခင် သို့မဟုတ််် မိခင်တစ်ဦးဦးသည် သူ့အပေါ်ရက်စက်ခြင်း၊ နိုင်လိုမင်းထက်ပြု
ခြင်း၊ စာနာထောက်ထားမှု မရှိခြင်းတို့ခြင်းကြောင့် ကလေးငယ်တွင် ဆန့်ကျင်ဘက်လိင်တို့အား ကြောက်ရွံ့မှု သို့မဟုတ် အလွန်အမင်း မနှစ်သက်မှု ဖြစ်ပေါ်လာစေသည်။

 

၂။မိဘတို့၏ အိမ်ထောင်ရေး အဆင်မပြေခြင်း

မိဘတို့အချင်းချင်း အဆင်မပြေမှုဖြစ်ပေါ်သည်ကို တွေ့မြင်ရသောကြောင့် 
ကလေးငယ်တွင် လူကြီးဘဝ ဆန့်ကျင်ဘက်လိင်များ ဆက်ဆံရေးကို အလွန်အမင်း 
မနှစ်မြို့မှုပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်။

 

၃။ကလေးငယ်အား သူ၏ဆန့်ကျင်ဘက်လိင်သဖွယ် ဆက်ဆံခြင်း

ယောကျာ်းကလေးအား မိန်းကလေးသဖွယ် ဆက်ဆံခြင်း၊ ပြုစုုခြင်း၊ သို့မဟုတ်
မိန်းကလေးအား ယောကျာ်းလေးသဖွယ် ဝတ်စားဆင်ယင်စေခြင်း၊ ပြုမှုပြောဆိုစေခြင်း၊ ထို့အပြင် ကလေးငယ်၏ ဆန့်ကျင်ဘက်လိင်များနှင့် အပါင်းအဖော် ပြုလုပ်ရန် အားပေးမှု 
နည်းခြင်းတို့ကြောင့် လိင်တူကြိုက်ဆန္ဒ ပေါ်ပေါက်လာစေနိုင်သည်။

 

၄။ဆန့်ကျင်ဘက်လိင်များနှင့် ဆက်ဆံရေးတွင် အဆင်မပြေဖြစ်ရခြင်း

ယောကျာ်းလေးတစ်ဦးသည် မိန်းကလေးများနှင့် ကနဦးဆက်ဆံရေးတွင်
ပြောင်လှောင်ခံရခြင်း၊ သူအား လက်မခံကြောင်း တင်းမာစွာ ငြင်းဆိုခံရခြင်း၊ သို့မဟုတ်သူ့စိတ်နိမ့်ကျအောင်ပြုလုပ်ခံရခြင်းတို့ကြောင့် လိင်တူကြိုက် ဆန္ဒပေါ်ပေါက်လာစေနိုင်
သည်။ ထိုနည်းတူ မိန်းကလေးတစ်ဦးသည် မာန်မာန အချိုးခံရခြင်း သို့မဟုတ် ဝေဖန်ခံရခြင်းများရှိပါက သူ၏လိင်ဆန္ဒပြေပျောက်ရေးအတွက် အခြားအမျိုးသမီးနှင့်သာ ဆက်ဆံသွားပေလိမ့်မည်။

 

၅။မိမိနှင့်လိင်တူသူ မိဘများအား အလွန်အမင်း ချစ်ခင်ခြင်း

မိမိနှင့် လိင်တူသူ မိခင် သို့မဟုတ် ဖခင်ထံမှ ချစ်ခင်ယုယမှု အလွန်အမင်းရရှိခြင်းနှင့် ဆန့်ကျင်ဘက်လိင်ဖြစ်သူ မိဘအား မနှစ်သက်ခြင်းကြောင့် လိင်တူကြိုက်စိတ် ပေါ်ပေါက်
လာစေနိုင်သည်။

 

၆။မိဘသို့မဟုတ် အခြားလူကြီးများ၏သဘောထားကြောင့် လိင်နှင့်စပ်ဆိုင်သမျှတွင် လိင်နှင့် စပ်ဆိုင်သမျှတွင် လွဲမှားသော သဘောထားရှိခြင်း

ကိုယ်ဝန်ဆောင် ရခြင်းအကြောင်း၊ ကာလသား ရောဂါအကြောင်း စသည်တို့ကို
စိတ်လှုပ်ရှား ထိခိုက်ဖွယ်ရာ ပြောဆိုကြသည်ကို ကြားဖူးသောကြောင့် ဆန့်ကျင်ဘက်
လိင်နှင့် ဆက်ဆံရာတွင် အဟန်အတား ဖြစ်ပေါ်စေနိုင်၏။

 

၇။မိဘများက မိမိနှင့် ဆန့်ကျင်ဘက် လိင်ဖြစ်သော ကလေးတစ်ဦးဦးအား နှစ်သက်သဘောကျကြောင်း ထင်ထင်ရှားးရှားပြသခြင်း

ဤသဘောထားကြောင့် ကလေးငယ်သည် မိမိနှင့်ဆန့်ကျင်ဘက်လိင်၏ အမူအရာ
အပြုအမူတို့ကို အတုခိုးပြုလုပ်ရာမှ လိင်တူကြိုက်စိတ် ပေါ်ပေါက်လာစေနိုင်သည်။

 

၈။လိင်တူအချင်းချင်းသာ ကြာမြင့်စွာ ပေါင်းဖော်စေခြင်း

သီးသန့်ကျောင်းများတွင် အချိန်ကြာမြင့်စွာ ထားသည့်အတွက် လိင်တူအချင်းချင်းသာ ရင်းရင်းနှီးနှီး ပေါင်းဖော်နေရခြင်းကြောင့် လိင်တူကြိုက်စိတ်ကို ဖြစ်ပေါ်စေနိုင်၏။ လိင်တူကြိုက်စိတ်သည် စိတ်ပိုင်းဆိုင်ရာ အကြောင်းများကြောင့် ဖြစ်ပေါ်လာရကြောင်းကို 
အထက်ပါ အချက်များအား လေ့လာကြည့်ပါက တွေ့မြင်ကြရမည်ဖြစ်ပေသည်။ ထို
အကြောင်းများသည် အဓိကအားဖြင့် မိဘ သို့မဟုတ် မိဘကိုယ်ပွားများနှင့် ဆက်ဆံရေးမှ အစပြုခဲ့သည်ကိုလည်း တွေ့မြင်နိုင်ကြပေသည်။

ဟော်မုန်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် လိင်တူကြိုက်စိတ်သည် ပိုမိုတိုးတက်ဖြစ်ပေါ်လာစေသော်လည်း ၎င်းတို့သည် အဓိက အကြောင်းများမဟုတ်ပေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref;ခင်မောင်သန်း(စိတ်ပညာ)စိတ်ဖောက်ပြန်မှု နှင့်စံလွဲအပြုအမူများ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18