Print

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

  28-Feb-2017
Preview Image

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ
သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထားသင့်တဲ့ အချက်တွေ ရှိနေပါတယ်။

 

(၁) အသုံးပြု နေသော သားဆက်ခြားနည်းများ ကိုရပ်ပါ

သားသမီး မလိုချင်သေးလို့ ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေတားခဲ့တယ်ဆိုရင် သားသမီး လိုချင်ပြီဆိုရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတားနည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ်လိုက်ပေမယ့် ကလေး ချက်ချင်းမရနိုင်ပါ။

 

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ

သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူးစက် မဟုတ်တဲ့ နာတာရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊
မရှိတွေကို ဆရာဝန်ထံ ပြသစစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာမှ ကျန်းမာတဲ့ 
ရင်သွေးကို ရရှိနိုင်မှာပါ။

 

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ

သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာတွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေကိုတော့ လျော ့စားသင့်ပါတယ်။

 

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ

ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသားမှာ မွေးရာပါ ချို့ယွင်း ချက် ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDA အကြံပြု ထားပါတယ်။

 

(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ

သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက်တာ၊ 
အရက်သောက်တာတွေကို ဖြတ်ဖို့လိုပါတယ်။ ဒါတွေ သုံးစွဲတာက အမျိုးသားတွေရဲ့
မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာကြောင့်ပါ။ ခရိုမိုဇုမ်း ပျက်စီးတာ၊ သုက်ကောင်
လေးတွေရဲ့ လှုပ်ရှားကူးခတ်နိုင်စွမ်း လျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ
စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

 

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ

ရာသီလာပြီး ၁၄ ရက် မြောက်နေ့မှာ သားဥ ကြွေကျပြီး သားသမီး ရရှိနိုင်တဲ့နေ့ပါ။ ဒီလို
ရက်မျိုးမှာ အမျိုးသားနဲ့ အတူနေတာက သားသမီး ရရှိဖို့ အခွင့်အလမ်းများနိုင်ပါတယ်။ 
အမျိုးသမီး တစ်ဦးနဲ့ တစ်ဦးက ရာသီစက်ဝန်းချင်း မတူညီတတ်ပါဘူး။ တချို့က ရက် ၃၀ မှာတစ်ကြိမ် ရာသီလာတတ်ပြီး တချို့လည်း အဲဒီထက် နောက်ကျတတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက်ဝန်းရဲ့ အလယ်ရက်က သားဥကြွေရက်ပါ။

 

(၇) ကိုယ်အပူချိန်ကို လေ့လာပါ

ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေအောင်စေနိုင်တဲ့ အကောင်းဆုံး အချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူချိန်ထက် အနည်းငယ် တက်နေတတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုပါတယ်။

 

(၈) မိန်းမကိုယ်မှ ထွက်သော အချွဲအကျိများ သတိထားကြည့်ပါ

သားဥကြွေချိန်မှာ မိန်းမကိုယ်ကနေ ချောမွတ်တဲ့ အရည်ကြည်လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ဝင်ရောက်နိုင်အောင်ပါ။ မိန်းမကိုယ်မှ
ကြက်ဥ အကာလို အရည်ကြည်လေးတွေ ထွက်တဲ့အချိန်ဟာ သားသမီး ရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

 

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ

အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ်လွန်းတာ၊ လေဝင် လေထွက်
မကောင်းတာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်းခံ ဘောင်းဘီ ကျပ်လွန်းတာ၊ လေဝင် လေထွက် မရှိတာတွေကြောင့်
ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကို လျော့နည်းစေပါတယ်။

 

(၁၀) သာယာကြည်နူးဖို ့ အချိန်ပေးပါ

သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေးတာက အဓိက ကျပါ
တယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု
တွေကို ဖန်တီးယူပါ။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : 
အလင်း(ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18