Print

လိင်ဆက်ဆံပြီး သွေးဆင်းခြင်း

  28-Feb-2017
Preview Image

လိင်ဆက်ဆံပြီး သွေးဆင်းခြင်း

အမျိုးသားနဲ့ အတူတူနေပြီးပြီးချင်း (လိင်ဆက်ဆံပြီး) သွေးဆင်းတာကို post coital bleeding လို့ ခေါ်ပါတယ်။ ဆက်ဆံပြီးတိုင်း သွေးဆင်းတာမဟုတ်လို့ post coital bleeding မဖြစ်နိုုင်ပါဘူး။ ဖြစ်နိုုင်တာက တားဆေးကြောင့်ပါ။ တားဆေးဆိုတာ (၂)မျိုးရှိတယ်။ 
၁။ oestrogen +progestogen နှစ်မျိုးပါတာ(combined oral contraceptive pill)
၂။ progestogen တစ်မျိုးတည်းပါတာ (progestogen only pill)
ပထမ အမျိုးအစားက OK pills, microgynon , marvelon စတဲ့နာမည်တွေနဲ့ ဖြစ်ပါတယ်။ ကိုယ်ဝန်တားဖို့သာမက တချို့လူနာတွေမှာ ရာသီမှန်ဖို ့ဝက်ခြံပျောက်ဖို့ လည်း အသုံးပြုနိုုင်တယ်။ ဘေးထွက်ဆိုးကျိုး ရာသီ မမှန်တာလည်း ဖြစ်နိုုင်တယ်။ 

အကြံပြုချက်
၁။ ရောဂါ ဖြစ်နိုုင်ချေ နည်းပါတယ်။ အခြေအနေကို စောင့်ကြည့်နိုုင်ပါတယ်။ post-coital လိင်ဆက်ဆံပြီးချင်းဖြစ်တာလား တစ်ချက် ပြန်စစ်ပါ။
၂။ တားဆေးကဒ် ပြောင်းသောက်တဲ့အခါ ရာသီမမှန်တာ ဖြစ်နိုုင်တယ်။ ရာသီသွေး တစက်စက် ပေါ်တတ်တယ်။ 
၃။ သေချာချင်ရင် (၂)ပတ်လောက် အတူနေတာ ရှောင်ကြည့်ပါ။ အကယ်၍ သွေးနဲနဲ ဆင်းတုန်းဆိုရင် တားဆေးကြောင့် ဖြစ်ဖို့များတယ်။ 
၄။ ဒီလိုဖြစ်တာ ၆-လ ကျော်ရင် ဆရာဝန်နဲ့ ပြသပြီး တိုင်ပင်သင့်တယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : 
ဒေါက်တာ အေးမင်းထူး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18