Print

သားဆက်ခြားနည်းတွေကို ဘယ်သူတွေမှာ သုံးသင့်ပါသလဲ

  28-Feb-2017
Preview Image

သားဆက်ခြားနည်းတွေကို ဘယ်သူတွေမှာ သုံးသင့်ပါသလဲ
ပထမဆုံး အရေးကြီးတာက အသက်ငယ်ရွယ်သေးတဲ့ (၁၈ နှစ်မပြည့်သေးတဲ့) မိခင်လောင်းတွေပါပဲ။ အဲဒီ ငယ်ရွယ်တဲ့ ဆယ်ကျော်သက်တွေမှာက ခန္ဓာကိုယ် ဖွံ့ဖြိုးမှုမှာရော၊ စိတ်ဓာတ် ရင့်ကျင့်မှုမှာရော၊ ပညာဗဟုသုတ ပြည့်စုံမှုများမှာရော မပြည့်ဝသေးတဲ့အတွက် ကလေးယူဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ပေါင်မပြည့်၊ လမစေ့ဘဲ ကလေးတွေ မွေးတတ်သလို ကလေးကိုလည်း မပြုစုတတ်သေးတာမို့ ကလေးကျန်းမာရေး ချို့တဲ့တတ်တယ်။ ကလေးသေနှုန်း များတတ်တယ်။

အသက်ကြီးတဲ့ မိခင်တွေမှာလည်း သားဆက်ခြားနည်းတွေ သုံးသင့်တယ်။ သူတို့မှာက မွေးဖွားရ ပိုခက်ခဲပါတယ်။ အသက်ကြီးလာတာနှင့်အမျှ ကျန်းမာရေးကလည်း ချူချာလာတတ်တယ်။ ကိုယ်လက်အင်္ဂါ မစုံလင်တဲ့၊ ချို့တဲ့ကလေးငယ်တွေ မွေးဖွားဖို့လည်း ပိုများတတ်ပါတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေလည်း ပိုဖြစ်လာတတ်တယ်။

မိခင်မှာ မကျန်းမမာဖြစ်တဲ့ အချိန်တွေမှာလည်း ကလေးကို မယူသေးဘဲ တားထားသင့်တယ်။ ဥပမာ - အဆုတ်နာ၊ တီဘီရောဂါလိုမျိုး နာတာရှည် ဆေးကုရမယ့် အချိန်မျိုးမှာကလေးမယူသင့်ဘူး။တချို့နှလုံးရောဂါဝေဒနာရှင်တွေမှာကလေးတားထားသင့်တယ်။ ကိုယ်ဝန်ဆောင်ရင်း ကလေးမွေးရင်း အသက်ပါသွားနိုင်တယ်။

အရင်ကိုယ်ဝန်တွေမှာ ကလေးမွေးဖွားရမှာ ပြဿနာဖြစ်သွားခဲ့တဲ့ မိခင်တွေမှာ သားဆက်ခြားရမယ်။ ဥပမာ-ခက်ခက်ခဲခဲ ညှပ်ဆွဲမွေးဖွားရတာ၊ မွေးဖွားပြီး သွေးသွန်တာ၊ အချင်းကပ်တာ၊ အရေးပေါ်ခွဲစိတ် မွေးဖွားရတာတွေပေါ့။ ကလေးလေးငါးယောက်ထက် ပိုပြီး ကိုယ်ဝန်ဆောင်ဖူးတဲ့ မိခင်တွေဆိုရင်လည်း နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ရင် အန္တရာယ်များတတ်တယ်။ သူတို့တွေမှာ ပိုပြီးတော့ သွေးအားနည်းတာ အချင်းကပ်တာ၊ သွေးသွန်တာ၊ အချင်းရှေ့ရောက်တာ၊ မွေးဖွားရခက်ခဲတာတွေ ပိုပြီးဖြစ်တတ်တယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးဆက်ပွားကျန်းမာရေး အမေး-အဖြေ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18