Print

အသက်အရွယ်တူ ယောကျ်ားလေးနှင့် မိန်းကလေးတွေ လူပျိုဖော် အပျိုဖော်ဝင်ချိန်...

  28-Feb-2017
Preview Image

အသက်အရွယ်တူ ယောကျ်ားလေးနှင့် မိန်းကလေးတွေ လူပျိုဖော် အပျိုဖော်ဝင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ အတူတူပဲလား
 

အသက်အရွယ်တူပေမဲ့ လူပျိုဖော်အပျိုဖော်ဝင်တာ မတူပဲလဲ ဖြစ်လေ့ရှိပါတယ်။
ယေဘုယအားဖြင့် ယောကျ်ားလေးတွေမှာ ၁၂ နှစ် ၁၆ နှစ် ဝန်းကျင်၊ မိန်းကလေးမှာ ၁၀ နှစ်က ၁၄ နှစ်ဝန်းကျင် ကြီးကောင်ဝင်တတ် ကြပါတယ်။ တချို့က လူပျိုအပျိုစောဝင်ပြီး တစ်ချို့က နောက်ကျဝင်ပါတယ်။ လူပျိုအပျိုဝင်တဲ့ ပုံစံချင်းလဲ ကွဲပြားနိုင်ပါတယ်။ ဥပမာ - မိန်းကလေးတစ်ဦးဟာ ရင်သားတွေ မဖွံ့ဖြိုးသေးပေမဲ့ ဓမ္မတာစလာနေတယ်။ သူ့ သူငယ်ချင်း မိန်းကလေးတစ်ဦးဟာ သူရဲ့သူငယ်ချင်းတွေ ကိုယ်လုံးကိုယ်ပေါက်လှပပေမဲ့ သူကတော့ ကလေးကိုယ်လုံးပဲ ရှိသေးတာပဲဖြစ်နိုင်တယ်။

ယောကျ်ားလေးတစ်ယောက်က ဆီးခုံမွှေးတွေ စပေါက်နေပြီး ခန္ဓာကိုယ်က သေးသေး
ညှပ်ညှပ်ပဲရှိသေးတယ်။ သူ့ သူငယ်ချင်းကတော့ ခန္ဓာကိုယ်ထွားကြိုင်းပြီး အသံတွေ သြလာပြီ။ ဒါပေမဲ့ ဆီးခုံမွှေးတွေ မပေါက်သေးဘူး ဖြစ်နေနိုင်တယ်။ ဒီလို လူပျိူ ၊ အပျိူဖော်ဝင်တဲ့အချိန်တို့၊ ဘယ်လိုပုံစံနှင့် ဝင်မယ်ဆိုတာတို့က မျိုးရိုးနှင့်ဆိုင်ပါတယ်။ ဒီတော့ လူပျိူဖော် အပျိုဖော်ဝင်တာ တော်ရုံတန်ရုံစောတာ၊ နောက်ကျတာတို့အတွက် စိုးရိမ်စရာမရှိပါ။ သင့်မှာ ဘယ်အချိန်မှာပြောင်းလဲမှုတွေဖြစ်ဖြစ် အဲဒါဟာ သင့်အတွက် အချိန်မှန်ဘဲဆိုတာ သတိပြုဖို့ဖြစ်ပါတယ်။ သေချာတာကတော့ သင်ရာသီစပေါ်တာ (၁၁) နှစ်ပဲဖြစ်ဖြစ် (၁၆) နှစ်ပဲဖြစ်ဖြစ်၊ အသံပြောင်းတာ (၁၃) နှစ်ပဲဖြစ်ဖြစ် (၁၇) နှစ်ပဲဖြစ်ဖြစ် အသက် (၂၀) လောက်ရောက်လာတဲ့ အချိန်မှာ သင်နဲ့ သင့်သူငယ်ချင်းတွေကြားမှာ ကွဲပြားခြားနားမှုဆိုတာ သိပ်ရှိတော့မှာ မဟုတ်ပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
မျိုးဆက်ပွားကျန်းမာရေး အမေး-အဖြေ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18