Print

ပန်းအချိန်ကြာစွာ တောင့်တင်းခြင်း

  28-Feb-2017
Preview Image

ပန်းအချိန်ကြာစွာ တောင့်တင်းခြင်း
 

၁။ဘယ်လိုကြောင့် ဖြစ်ရတာပါလဲ။

လိင်အင်္ဂါတောင့်တင်းမှုရဲ့ အခြေခံသဘောက လိင်အဂါင်္အတွင်း သွေးဝင်စီးဆင်းမှုများ
လာပြီး ပြန်လည်ထွက်ခွာတဲ့သွေး နည်းနေရင်၊ လိင်အဂါင်္ဟာ တဖြည်းဖြည်းတောင့်တင်း
ကြီးထွားလာမယ်။ အဲဒီဖြစ်စဉ်ကို တည်တံ့အောင်ထိန်းသိမ်းရင် လိင်အဂါင်္ဟာ တောင့်တင်းတဲ့ အဆင့်မှာ ဆက်ရှိနေမယ်။ ဥပမာပေါ့ဗျာ လိင်ဆက်ဆံမှု ပြီးသွားတဲ့အခါ လိင်အဂါင်္က သွေးတွေပြန်လည်ထွက်ခွာစီးဆင်းသွားရင် လိင်အဂါင်္ဟာ မူလအရွယ်အစား ပြန်ရောက်သွားတာပေါ့။ လိင်အဂါင်္ အချိန်အကြာကြီးတောင့်တင်းနေတယ်ဆိုတာက လိင်အဂါင်္က သွေးတွေ ပြန်ထွက်ခွာမှု မပြုနိုင်တာကြောင့်ဖြစ်လေ့ရှိပါတယ်။

၂။သွေးတွေဘာကြောင့် ပြန်လည်စီးထွက် မသွားနိုင်တာပါသလဲ။

အဲဒါကိုတော့ ဆေးပညာမှာ Sickle Cell Anaemia ခေါ်တဲ့သွေးနီဥတွေ ပုံသဏ္ဍန်
ပျက်သွင်းတဲ့ရောဂါ အဲဒီရောဂါမှာ သွေးနီဥတွေဟာ တံစဉ်ပုံ ဖြစ်နေကြတယ်။ ပုံမှန်သွေးနီဥတွေက နှစ်ဘက်ခွက်အဝိုင်းပုံတွေ၊ Sickle Cell Anaemia မှာတော့ Priapism ဖြစ်တတ်တယ်။ နောက်ပြီးLeukaemia (လူကီးမီးယား) ခေါ်တဲ့သွေးကင်ဆာမှာလည်း ဖြစ်တတ်ပါတယ်။
လိင်အဂါင်္ တောင့်တင်းအောင် ထိုးတဲ့ဆေး Alprostadil ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဥပမာ တချို့ဆေးဝါးတွေ ဖြစ်တဲ့ Trazodone, Chlorpromazine ဆေးတွေရဲ့
ဘေးထွက်ဆိုးကျိုးအဖြစ်လည်း လိင်အဂါင်္ အချိန်ကြာမြင့်စွာ တောင့်တင်းနေတတ်ပါတယ်။

၃။အဲဒီလို အချိန်အကြာကြီး တောင့်တင်းနေရင် အန္တရာယ်ဖြစ်နိုင်ပါသလား။
ဖြစ်နိုင်ပါတယ်။ လိင်အဂါင်္ တစ်သျှူးတွေ လုံးဝပျက်ယွင်းသွားနိုင်ပါတယ်။ နာကျင်မူဝေဒနာ ပျက်ယွင်းသွားနိုုင်ပါတယ်။ နာကျင်မှုဝေဒနာလည်း ဆိုးဝါးစွာခံစားလာရတတ်ပါတယ်။ ဒါကြောင့် လှုံ့ဆောင်မှုမရှိတဲ့ လိင်အဂါင်္ အချိန်ကြာမြင့်စွာ တောင့်တင်းနေပြီး နာကျင်မှုဝေဒနာ ခံစားလာပြီဆိုလျှင် ဆေးပညာရှင်များရဲ့ အကူအညီ ချက်ချင်း ရယူဖို့ လိုအပ်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18