Print

ဂနိုရောဂါ (ဆီးပူညောင်းကျရောဂါ)

  28-Feb-2017
Preview Image

ဂနိုရောဂါ (ဆီးပူညောင်းကျရောဂါ)
လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်သည်။ ဂနိုရောဂါပိုးကြောင့် ဖြစ်ပွားရခြင်း ၎င်းပိုး လိင်အင်္ဂါအတွင်းသို့ ဝင်ရောက်ပြီး ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတို့ကို ဖြစ်ပွားစေသည်။ အမျိုးသားများတွင် ဆက်ဆံပြီး (၄) ရက်မှ တစ်ပတ် အတွင်း ဖြစ်ပွားတတ်ပြီး ဆီးသွားရာတွင် နာကျင်ခြင်း၊ ပြည်ထွက်ခြင်း တို့ ဖြစ်လေ့ရှိသည်။ အမျိုးသမီးတို့တွင်မူ လက္ခဏာများမှာ နောက်ကျပြီး မကွဲမပြားရှိတတ်သည်။ သို့ရာတွင် နာကျင်ခြင်းနှင့် ပြည်ထွက်ခြင်းတို့ အများအားဖြင့် ရှိတတ်ကြသည်။ 

ဆီးသွားရာတွင် နာကျင်ခြင်းကြောင့် အမျိုးသမီးတို့ဖြစ်လေ့ရှိသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် မှားလေ့ရှိသည်။ သံသယဖြစ်ပါက ဆရာဝန်ထံ ချက်ချင်းပြသ စစ်ဆေးသင့်သည်။ ဂနိုရောဂါမှာ ရောဂါဖြစ်ဖြစ်ချင်းကုသပြီး ပဋိဇီဝဆေးများပေးခြင်းဖြင့် သက်သာစေနိုင်သောရောဂါ တစ်ခုဖြစ်ပါသည်။ ပေါ့လျော့စွာနေမိပါမူ အန္တရာယ်ပေးနိုင် ပါသည်။ 

အမျိုးသမီးတို့တွင် ကုသမှုမခံယူပါက ကလေးမရနိုင်သည်အထိ ဖြစ်နိုင်သလို အမျိုးသားများတွင်လည်း ရောဂါပိုးမှာ ဝှေးစေ့အထိပျံ့နှံ့ကာ အန္တရာယ်ဖြစ်စေပါသည်။ ထို့အပြင် ဂရုစိုက်မကုသမှုကြောင့် အရိုးရုတ်တရက် ရောင်ရမ်းခြင်းနှင့် ရောဂါရှိသူ မိခင်မှ မွေးဖွားလာသော ကလေးမျက်စိကန်းနိုင်ခြင်းတို့ပင် ဖြစ်စေပါသည်။ အဓိက အချက်မှာ ရောဂါကို ကုသရာ၌ စစ်ဆေးမှုများ အဆင့်ဆင့်ပြု လုပ်ပြီး ရောဂါလုံးဝ ပျောက် ကင်းသောအချိန်ထိ ကုသမှုပေးရန် လိုအပ်ပါသည်။ ထို့အပြင် မိမိ၏အိမ်ထောင်ဘက်ကို လည်း မိမိရောဂါရှိကြောင်း သိရှိသောအခါတွင် အသိပေး၍ ၎င်းကိုပါ ကုသမှုခံစေသင့် ပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် အရေးပါသည်ဟူသော အချက်အတိုင်း ပင် ရောဂါမကူးစက်ခံရလေအောင် လိုအပ်ပါက ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။ မိမိတစ်ဦးတစ်ယောက် အတွက်သာမက အခြားသူပါ ကူးစက်ခြင်းမခံရအောင်လည်း အမြဲသတိထားနေထိုင်သင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18