Print

မျိုးမအောင်နိုင်ခြင်းကို လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် တိုက်ဖျက်ပါ

  28-Feb-2017
Preview Image

မျိုးမအောင်နိုင်ခြင်းကို လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် တိုက်ဖျက်ပါ
ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေပါက ကျန်းမာရေးနှင့်ညီသော လူနေမှုဘဝပုံစံရှိရန် အလွန် အရေးကြီးသည်ဟု သုတေသီများက သက်သေပြထားပြီးဖြစ်သည်။ ကိုယ်ကာယကြံ့ခိုင်မှု ရှိခြင်းကြောင့်စွမ်းအင်ပမာဏကို ပြန်လည်အားဖြည့်စေနိုင်ပြီးသက်လုံအား ကောင်းလာရန် အထောက်အကူပြုသောကြောင့် ကြံ့ခိုင်မှုပြည့်ဝရန် လုံးဝအရေးကြီးသည်။

ကိုယ်ဝန်ဆောင်ရန် ကြိုးစားနေချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်း က အသေအချာ အကျိုးကျေးဇူးဖြစ်စေနိုင်သည်။ ကိုယ်အလေးချိန် ပိုများနေပါက သင့်လျော်သော လေ့ကျင့် ခန်းအစီအစဉ်များနှင့်အ တူ ဆရာဝန်နှင့် ပညာရှင်များ ညွှန်ကြားသည့် အစားအစာ များစား သောက်ခြင်းဖြင့် ကိုယ်ဝန်ရလာရန် အထောက်အကူပြုနိုင်သည်။

သို့သော် မျိုးမအောင်နိုင်ဖြစ်နေခြင်းကို တိုက်ဖျက်ရန် လေ့ကျင့်ခန်းတစ်မျိုးမျိုး စတင်မလုပ်မီ ဆရာဝန်ထံမှ အကြံရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။

နေပူဆာလှုံရင်း လမ်းလျှောက်ခြင်းသည် ကိုယ်ဝန်မရမီ ကောင်းမွန် သင့်လျော်သော
လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ နေပူဆာလှုံရင်းလမ်းလျှောက်ခြင်းကြောင့် နှလုံးသွေးကြောများကို အထောက်အကူ ဖြစ်စေနိုင်ပြီး ခြေထောက်၊ ကျောနှင့် ဝမ်းဗိုက်ပိုင်းအတွက် အထောက်အကူဖြစ်စေနိုင်သည်။

ကိုယ်ဝန်ဆောင်ရန် ကြိုးစားနေစဉ် အကလေ့ကျင့်ခြင်းသည်လည်း အကြောပြေစေရန်နှင့် ကြံ့ခိုင်မှုရှိစေရန် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်သည်။ မျိုးမအောင်နိုင်ခြင်း အတွက် ဆေးကုသမှုခံနေရပါက ရေကူးခြင်းသည် အကျိုးကျေးဇူးများရရှိစေမည့် နည်းလမ်း တစ်ခုဖြစ်သည်။

စက်ဘီးစီးခြင်းမှာလည်း ကိုယ်ဝန်ဆောင်လိုသော အမျိုးသမီး များအတွက် ကောင်း မွန်သော လေ့ကျင့်ခန်းပုံစံတစ်ခုဖြစ်ပြီး ကိုလက်စထရောပမာဏကို ထိန်းချုပ်ပေးနိုင်ကာ အမျိုးအစား-၂ ဆီး ချိုရောဂါကဲ့သို့ အခြေအနေများအတွက် အန္တရာယ်လျော့နည်းစေ နိုင် သည်။ထို့အပြင် ယောဂကျင့်ခြင်းဖြင့်လည်း မျိုးမအောင်ဖြစ်ခြင်းကို တိုက်ဖျက်နိုင် သည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : TOI



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18