Print

ယောက်ျားလေးတိုင်းဟာ လိင်တံထိပ်အရေပြားဖြတ်ဖို့ လိုပါသလား။

  28-Feb-2017
Preview Image

ယောက်ျားလေးတိုင်းဟာ လိင်တံထိပ်အရေပြားဖြတ်ဖို့ လိုပါသလား။
မလိုပါဘူး။ ဘာသာရေးအရ၊ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ ဒီလိုလုပ်လေ့ရှိပါတယ်။ ဂျူးတွေ၊ အစ္စလာမ်တွေဆိုရင် ကလေး(ရက်သား)လေးမှာ လုပ်ကြတယ်။ တစ်ချို့ အာဖရိကန်တွေရဲ့ အယူအဆကတော့ လူပျိုပေါက်ဖြစ်လာရင်
လုပ်ရတယ်။ ကလေး ဘဝကနေ လူပျိုဖြစ်လာစေတဲ့ထုံးစံလို့ ယူဆကြတယ်။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်အရ မဖြတ်မနေဖြတ်ရမယ့် အခြေအနေတွေလည်း ရှိပါတယ်။ တစ်ချို့ယောက်ျားလေးတွေမှာ လိင်တံ (ထိပ်ဖူးငုံ)နေတတ်တယ်။ ဆိုလိုတာက ထိပ်ဖူးအရေပြားက လိင်တံအရင်းကို ဆွဲချလို့မရတာမျိုးပေါ့။ အဲဒီအခါ လိင်တံမှာ
ယောင်ပြီးနာနေတာမျိုး ဖြစ်တတ်တယ်။ အဲဒီအခါမျိုးမှာတော့ အရေပြားဖြတ်တာကို မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။

လိင်တံအရေပြားဖြတ်ခြင်းဟာ အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါကို ကာကွယ်နိုင် ပါသလား။

အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ သုတေသနပြုချက်တွေအရ လိင်တံထိပ်အရေပြားဖြတ်ထားတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေဆီက အိပ်ချ်အိုင်ဗွီ ကူးစက်နှုန်း ၆၀% လောက်လျှော့ကျသွားနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေက အမျိုးသား လိင်တံထိပ်အရေပြားဖြတ်ခြင်းကို အိပ်ချ်အိုင်ဗွီ ကာကွယ်ရေးနည်းလမ်း တစ်ရပ်အနေနဲ့ အသိအမှတ်ပြုထားကြပါတယ်။ အထူးမှတ်ရမှာက လိင်တံထိပ်ဖျားဖြတ် ထားတာနဲ့ အခြား အိပ်ချ်အိုင်ဗွီ ကာကွယ်ရေးနည်းလမ်းတွေ လုပ်စရာမလိုတော့ဘူး
လို့ ယူဆလို့မရပါဘူး။ 

လိင်တံထိပ် အရေပြားဖြတ်ခြင်းဟာ အတိုင်းအတာတစ်ခုအထိသာ အိပ်ချ်အိုင်ဗွီ
ကူးစက်တာကို ကာကွယ်နို်င်တာဖြစ်တယ်။ ဒါ့ကြောင့် လိင်တံထိပ်အရေပြား ဖြတ်ထား တဲ့ ယောက်ျားလေးတွေဟာ အိပ်ချ်အိုင်ဗွီပိုး မကူးစက်အောင် အခြားကာကွယ်ရေး နည်းလမ်းတွေ (ဥပမာ - ကွန်ဒုံးသုံးတာ)ကို ဆက်ကျင့်သုံးဖို့ လိုပါတယ်။

လိင်တံထိပ်အရေပြားဖြတ်တာဟာ ယောကျ်ားချင်း ဆက်ဆံရင် အိပ်ချ်အိုင်ဗွီပိုးကူးစက် တာကို ကာကွယ်နိုင်သလား မကာကွယ်နိုင်သလားဆိုတာ မသိရသေးပါဘူး။ လိင်တံထိပ် အရေပြားဖြတ်ထားတဲ့ ယောကျ်ားမှာ အိပ်ချ်အိုင်ဗွီပိုးရှိခဲ့ရင် သူနဲ့ဆက်ဆံတဲ့အမျိုးသမီးကို အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု နည်းသွားသလား မနည်းသွားဘူးလား ဆိုတာလည်း သုတေသနအရ မသိရှိရသေးပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18