Print

အမျိုးသား သားကြောဖြတ်ခြင်း (Vasectomy)

  28-Feb-2017
Preview Image

အမျိုးသား သားကြောဖြတ်ခြင်း (Vasectomy)
 

အမျိုးသားတစ်ယောက်ရဲ့ 
ကပ်ပယ်အိတ်ထဲမှာ ဝှေးစေ့ကလေးနှစ်လုံးရှိတယ်။ ဝှေးစေ့ထဲမှာ သုက်ကောင်တွေဖြစ်ပေါ်လာပြီး ဒီသုက်ကောင်တွေကို သုက်ပို့ပြွန် (vas deferens) ကနေပြီး လိင်တံထိပ်ကို ရောက်အောင်သယ်ဆောင်ပေးကြတယ်။ သားကြောဖြတ် တယ်ဆိုတာ သုက်ကောင်တွေကို သယ်ဆောင်ပေးတဲ့ ပြွန်ကလေးကို ဖြတ်ပြီး ချည်နှောင်ပေးလိုက်တာပါပဲ။ ဝှေးစေ့နှစ်လုံးကို လုံးဝ မထိခိုက်စေဘူး။ ဒါကြောင့် ယောကျ်ားပီသမှု၊ လိင်ဆက်ဆံနိုင်တဲ့ စွမ်းအား စွမ်းဆောင်နိုင်မှုတွေ လုံးဝမထိခိုက်ပဲ ယခင်ကလိုပဲ လိင်ဆက်ဆံနိုင်တယ်။ သုက်လွှတ်နိုင်တယ်။ ရှိတာက တစ်ခုပဲ၊ အဲဒီလွှတ်လိုက်တဲ့ သုက်ရည်ထဲမှာတော့ သုက်ကောင်ကလေးတွေ တစ်ကောင်မှ ပါမသွားတော့ဘူးပေါ့။ အဲဒါကြောင့် လိင်ဆက်ဆံနိုင်ပေမဲ့ ကလေးတော့ မရနိုင်တော့တာ ဖြစ်ပါတယ်။

 

ဘယ်လောက် ထိရောက်ပါသလဲ
အမျိုးသမီး သားကြောဖြတ်တာထက် ဆယ်ဆပိုပြီး စိတ်ချရပါတယ်။ အမျိုးသမီး သားကြောဖြတ်မှု (၂၀၀) မှာ တစ်ယောက် ကလေးပြန်ရသွားနိုင်ပေမဲ့ အမျိုးသား သားကြောဖြတ်မှု (၁၀၀၀) မှာမှ တစ်ယောက် ကလေးပြန်ရသွားနိုင်သည်။

 

ဘာတွေကို သတိထားရပါမလဲ
အမျိုးသား သားကြောဖြတ်ပြီဆိုရင် သတိထားရမဲ့ အချက်တစ်ချက်ရှိတယ်။ သားသမီး မလိုချင်တော့ဘူးလို့ ဆုံးဖြတ်ပြီး သားကြောဖြတ်ပြီးခါမှ နောင်တစ်ချိန်မှာ စိတ်ပြောင်းပြီး သားသမီး လိုချင်စိတ် ပေါ်ပေါက်ခဲ့ရင်ပြဿနာ။ ဖြတ်ထားတဲ့ 
သားကြောလေးနှစ်ခုကို ခွဲစိတ်ပြီး ပြန်ဆက်ပေးလို့ ရတော့ပေမဲ့။ ထူးခြားချက်တစ်ခုက သုက်ပိုးပြွန်ထဲမှာ သုက်ကောင်တွေကို တိုက်ခိုက်တဲ့ ဓာတ်တစ်မျိုး ထွက်လာတတ်တယ်။ အဲဒီဓာတ်ဟာ သုက်ကောင်လေးတွေ ရှင်သန်ကြီးထွားမှုကို ထိခိုက်စေပြီး ကလေးပြန် ရနိုင်ဖို့ ခက်ခဲတတ်တယ်။

သားကြောဖြတ်ပြီးခါစမှာ ဖြတ်ထားတဲ့သားကြောရဲ့ တစ်ခြမ်းမှာ သုက်ကောင်လေးတွေ ကျန်နေတတ်တာမို့ သားကြောဖြတ်ပြီးခါစမှာ လိင်ဆက်ဆံရင် ကလေးရသွားတတ်တာကို သိထားဖို့လိုတယ်။ ဒါကြောင့် ကွန်ဒုံး (သို့) တခြားနည်း တစ်ခုခုကို (၃) လကြာတဲ့အထိ အသုံးပြုဖို့ သေချာမှာကြားရတယ်။ ဒီအချိန် အတော အတွင်းမှာလည်း သုက်ပို့ပြွန်အထဲမှာ ကျန်ရစ်နေတဲ့ သုက်ကောင်လေးတွေ ကုန်ဆုံး သွားစေဖို့ ပုံမှန်လိင်ဆက်ဆံဖို့ အကြံပေးရတယ်။ ဖြစ်နိုင်ရင် (၂) လနဲ့ (၃) လ မှာ နှစ်ခါတိတိ (semen analysis) ခေါ်တဲ့ သုက်ရည်မှ သုက်ကောင်တွေ ကျန်နေသေး လားဆိုတာ စစ်ဆေးသင့်တယ်။ 

အဲဒီနှစ်ကြိမ်လုံး သုက်ရည်ထဲ သုက်ကောင်တစ်ကောင်မှ မရှိတော့ဘူး ဆိုတာ သေချာမှ စိတ်ချလက်ချ ကလေးမရဖို့ သေချာပြီလို့ အာမခံနိုင်မှာ ဖြစ်တယ်။ ခွဲစိတ်ပြီး ချိန်မှာ များသောအားဖြင့် ဘာမှမဖြစ်တတ်ပေမဲ့ အဆင်မသင့်ရင် ဒဏ်ရာက သွေးထွက် တတ်တယ်။ ဒါကြောင့် ကပ်ပယ်အိတ်မှာ ရောင်ကိုင်းပြီး နာကျင်လာရင်၊ အဖျားတက်ရင်၊ အနာကပြည်၊ သွေးထွက်ရင် ဆေးရုံကို ချက်ချင်းပြန်လာပြသသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18