Print

ကျွန်မနှင့် အမြုံ (၅)

  28-Feb-2017
Preview Image

ကျွန်မနှင့် အမြုံ (၅)
 

သားဖွားခြင်း (သို့) သန္ဓေပျက်ကျပြီး နောက်ထပ်သန္ဓေတည်နိုင်မှု မရှိကြသည် များကို လည်း တွေ့မြင်ရပါသည်။ တစ်ညတွင် ကျွန်မအလုံမြို့နယ်ရှိ ပြင်ပဆေးခန်းသို့ အမျိုးသမီးတစ်ဦး ရောက်ရှိလာပါသည်။ အသက် ၂၄ နှစ်၊ အိမ်ထောင်ကျပြီး သုံးလအကြာ၌ ကိုယ်ဝန်ရှိခဲ့သည်။ ခြောက်လရသောအခါ သန္ဓေပျက်ကျသွား၍ ဗဟိုအမျိုးသမီးဆေးရုံ တက်ခဲ့ရသည်။ စုံလင်သော သားပျက်သားလျှောကျသွား၍ သားအိမ်ခြစ်ကုသမှု မခံယူခဲ့ရပေ။ သုံးရက်အကြာတွင် ဆေးရုံမှ ဆင်းခဲ့သည်။ တစ်လကြာလျှင် ဆေးရုံပြင်ပလူနာဌာနသို့ ပြန်လည် စစ်ဆေးခံရန် ညွှန်ကြားခဲ့သော် လည်း မသွားရောက်ခဲ့ပေ။ ယခုတစ်နှစ်ပြည့်သွားသော်လည်း နောက်ထပ်ကိုယ်ဝန် မရှိခြင်းကြောင့် ရောက်ရှိလာခဲ့ပေသည်။

သူမအား အတွင်းစမ်းသပ်ချက် စမ်းသပ်ကြည့်ရှုရာ၌ မျိုးဥနှင့်မျိုးဥလမ်းကြောင်းပြွန်
နှစ်ဖက်စလုံးကို ကောင်းစွာစမ်းသပ်၍ ရသည့်အပြင် အလွန်နာကျင်သောဒဏ် ခံစားချက်ရှိနေသည်။ ထို့ကြောင့် သူမတွင် မျိုးဥနှင့် မျိုးဥလမ်းကြောင်း ရောင်ရမ်းခြင်း
ရောဂါ ဖြစ်နေကြောင်း ထင်ရှားသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ သားလျှောပျက်ကျစဉ်က ပိုးဝင်ကူးစက်မှုကြောင့် ယူဆစရာ ဖြစ်သည်။ ကုသမှုကို စိတ်ရှည်ရှည်ထား ကုသရမည်ကို ဦးစွာပထမ ရှင်းပြရသည်။ လူနာအများစုမှာ စိတ်မရှည် တတ်ပေ။ ဆန္ဒစောစွာ ပျောက်ကင်းလိုချင်ဇောဖြင့် ဆရာဝန်တစ်ဦးမှ တစ်ဦးသို့ လပိုင်းအတွင်း ပြောင်းလဲပြသ ဆေးကုသမှု ခံယူနေတတ်ပေသည်။ သူမအား 
တစ်လတစ်ခါ ခေါ်ယူ၍ စစ်ဆေးကုသမှု ပေးခဲ့ရာ ငါးကြိမ်ဖြစ်ပါသည်။ နောက်ဆုံး
နှစ်ကြိမ်တွင် (Prednisolone) ပရက်ဒ်နီဆိုလုံး ဆေးကိုပါ ပေးခဲ့ရပါသည်။ 
ငါးလကြာမှ နာကျင်မှု လုံးဝမရှိ ပျောက်ကင်းသွားခဲ့သည်။ သုံလကြာမျှ
စောင့်ဆိုင်းကြည့်ရှုရန် မှာကြားခဲ့သည်။ 

သူမမှာ မြောက်ဥက္ကလာပမြို့တွင်နေရာ အစ်မဖြစ်သူထံ လာရောက်ရင်း ကျွန်မထံ ပြသခဲ့ခြင်းဖြစ်သည်။ သုံးလကျော် သွားသော်လည်း သူမ ပေါ်မလာပါ။
ကိုယ်ဝန်မရ၍ စိတ်ပျက်သွားပြီး မလာရောက် နိုင်ကြောင်း ယူဆခဲ့သည်။ လပေါင်းအတော် ကြာရှိပြီးမှ သူမ ကျွန်မဆေးခန်းသို့ ရောက်လာခဲ့သည်။ သူမမှာ ကိုယ်ဝန်လရင့်နှင့် ဝင်ရောက်လာ ခဲ့သည်။ ကိုယ်ဝန်ရှိနေသော်လည်း
နေသည်မှာ ဝေးနေ၍ လာရောက်အကြောင်း မကြားခြင်း ဖြစ်သည်။ မြောက်ဥက္ကလာပ
ဆေးရုံကြီးတွင် ကိုယ်ဝန်အပ်ထားပြီး မွေးဖွားရန် ဆောင်ရွက် ထားကြောင်း ပြောပြရှာပါသည်။ မွေးဖွားရန် တစ်လပဲလိုကြောင်း သိရပါသည်။ သူမသည် ယင်းကိုယ်ဝန်ကို လွယ်ကူချောမွေ့စွာ မွေးဖွားပြီးသည့်အပြင် 
နောက်ထပ်ကလေး ရရှိခဲ့ကြောင်း ဆိုသည်ကို သူမ၏ အစ်မမှတစ်ဆင့် သိရှိခဲ့ရပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ctedit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, May 2016

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18