Print

မလိုချင်သော ကိုယ်ဝန်မရအောင်ကာကွယ်နည်း

  24-Feb-2017
Preview Image

ဖိုမဆက်ဆံကြတဲ့အခါ အမျိုးသားအင်္ဂါကို အပြင်ကိုထုတ်ပြီးမှ ပြီးဆုံးစေခြင်းက ထိရောက်တဲ့သန္ဓေတားခြင်း မျိုးလား၊ စိတ်ချလို့ရနိုင်သလား။

အမျိုးသားအင်္ဂါကို အပြင်ကိုထုတ်ပြီးမှ ပြီးဆုံးစေခြင်းက အသုံးများတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် အမျိုးသားအများစုဟာ ကံမကောင်းအကြောင်းမလှဘဲ ဆက်ဆံလို့ မပြီးခင်၊ မဆုံးမသတ်ခင်လေးမှာပဲ သုက်ကောင်သန်းပေါင်းများစွာ အမျိုးသမီးရဲ့ အင်္ဂါထဲမှာ ထွက်သွားနေနှင့်ပါပြီ။ နောက်ပြီး အသက်ငယ်တဲ့ အမျိုးသားတွေ (အတွေ့အကြုံနည်းတဲ့အမျိုးသားတွေ) ဟာ အချိန်မီအောင် ဘယ်လိုအချိန်ကိုက် ဆွဲထုတ်ရ မလဲဆိုတာ မကျွမ်းကျင်ကြပါဘူး။ အဲဒီအတွက် ဒီနည်းဟာ အလွန်အကျွံတော့ ယုံကြည်စိတ်ချလို့တော့မရပါ။ 

 

အရေးပေါ်ကိုယ်ဝန်တားနိုင်တဲ့နည်းလမ်းတွေကို သိချင်ပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးတဲ့ နောက်မှာပဲဖြစ်ဖြစ်၊ ကွန်ဒုံးကျွတ်တာ၊ ပေါက်တာဖြစ်ဖြစ် မလိုချင်ဘဲ ကိုယ်ဝန်မရအောင် အရေးပေါ်နည်းတွေသုံးပြီး ကာကွယ်လို့ရပါတယ်။ အရေးပေါ်တားဆေး၊ သောက်ဆေး (EcT Tool/72 hr pill) တွေရှိသလို အရေးပေါ်သားအိမ်အတွင်း ပစ္စည်းထည့်ပြီး ကာကွယ်လို့လည်း ရနိုင်ပါတယ်။

 

အကာအကွယ်မဲ့ ဆက်ဆံပြီးနောက် နာရီဘယ်လောက်အတွင်း အရေးပေါ်တားဆေး သောက်လို့ရနိုင်ပါသလဲ။

အကောင်းဆုံးအာနိသင်ကို ရဖို့ ၇၂ နာရီအတွင်း သုံးသင့်ပါတယ်။ ဒါပေမယ့် နာရီ ၁၂၀ အတွင်းသုံးလို့ရတဲ့ အရေးပေါ် သောက်ဆေးတွေလည်းပေါ်နေပြီ။

 

အကာအကွယ်မဲ့ ဆက်ဆံပြီးနောက် နာရီဘယ်လောက်အတွင်း အရေးပေါ် သားအိမ်အတွင်း ပစ္စည်းထည့်ပြီး ကာကွယ်လို့ရနိုင်ပါသလဲ။

၅ ရက်အတွင်း အသုံးပြုနိုင်ပါတယ်။ (မျိုးဥကြွေပြီး ၅ ရက်အထိ သုံးနိုင်တယ်လို့ ဆိုပါတယ်။)

 

Healthcare.com.mm

Ref:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက်သိထားသင့်သောအဖြေများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18