Print

မိခင်တို့၏ ရင်သားပြဿနာများ (၂)

  24-Feb-2017
Preview Image

ရင်သားတင်းခြင်း
မွေးဖွားပြီး နှစ်ရက်၊ သုံးရက်တွင် ရင်သားတင်းခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာဖြစ်သည်။ ကလေးငယ်က နို့ကောင်းစွာ မစို့နိုင်လျှင် ရင်သားတင်းလွန်းသဖြင့် မအီမသာ ခံစားရတတ်သည်။ တချို့အမျိုးသမီးများတွင် ကိုယ်အပူချိန် အနည်းငယ်တက်၍ ဖျားတတ်သည်။ အဖျားသည် အများအားဖြင့် ၁၆ နာရီထက် ပိုမကြာတတ်ပါ။ ရင်သားတင်းခြင်းကို နို့ရည်ဖျစ်ညှစ်ထုတ်ခြင်း၊ ရေခဲအိတ်ကပ်ခြင်း၊ နို့ရည်ကို စက်ငယ်ဖြင့် စုပ်ယူခြင်း စသည်တို့ဖြင့် သက်သာစေနိုင်သည်။

 

ရင်သားရောင်ရမ်းခြင်း
ပိုးမွှားဝင်ရောက်ခံရခြင်းကြောင့် ရင်သားရောင်ရမ်းမှု ဖြစ်နိုင်သည်။ နို့ကြောင်းပိတ်ရာမှ တစ်ဆင့် စတင်ဖြစ်ပေါ်တတ်သည်။ ရောင်ရမ်းသော အစိတ်အပိုင်းသည် ကြီးလာပြီး နာကျင်မှုဝေဒနာ ဖြစ်စေသည်။ ရင်သားရောင်ရမ်းစဉ် တုပ်ကွေးရောဂါကဲ့သို့သော် ဖျားခြင်း၊ ကိုက်ခဲခြင်း၊ နှလုံးခုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း လက္ခဏာများ တွေ့ရနိုင်သည်။ ပိုးမွှားဝင်ရောက်ခံရ၍ ရင်သားရောင်ရမ်းမှုတွင် ဖျားသည့်လက္ခဏာမှာ ကြာမြင့်လေ့ရှိသည်။ မွေးပြီး သုံးပတ်နှင့် လေးပတ်ကြားတွင် ပြည်တည်ရောင်ရမ်းမှု ဖြစ်နိုင်သည်။

 


ပြည်တည်ရောင်ရမ်းမှုဖြစ်လျှင် တုန်ချမ်းခြင်း၊ ဖျားခြင်း၊ ရင်သားနီရဲရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို တွေ့ရပါသည်။ ရင်သားရောင်ရမ်းမှုကို ဖြစ်စေသော ဗက်တီးရီးယားပိုးမှာ Staphylocooous aureus အများဆုံးဖြစ်သည်။ Staphylocooous မျိုးကွဲနှင့် Staphylocooous Viridans ဗက်တီးရီးယားပိုးများကြောင့် လည်း ဖြစ်နိုင်ပါသည်။ ကလေးနှင့်မိခင်ကို ခေတ္တခဏခွဲထားသင့်သည်။ ရောင်ရမ်းသောဘက်မှ နို့မတိုက်ရပါ။ ပဋိဆေးဝါးများ (ဥပမာ Flucloxacillin) ပေးရန်လိုအပ်သည်။ ပြည်တည်နာဖြစ်ပါက ခွဲစိတ်ကုသရနိုင်ပါသည်။

 

Healthcare.com.mm

Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18