Print

Caesarean Operation ခွဲစိတ်မွေးဖွားခြင်း

  24-Feb-2017
Preview Image

ဝမ်းဗိုက်မှ ခွဲစိတ်ပြီးသား အိမ်အတွင်းရှိ သန္ဓေသားကို ခွဲစိတ်မွေးဖွားသော နည်းစနစ်တစ်ခုဖြစ်သည်။ ရိုးရိုးမွေးဖွားရန် အန္တရာယ်ရှိသော အခါမျိုးတွင် ခွဲစိတ်မွေးဖွားရပြီးနောက်ဆက်တွဲဆိုးကျိုးများ များစွာမရှိသော နည်းတစ်ခုဖြစ်သည်။ ခွဲစိတ်မွေးဖွားသော ကိုယ်ဝန်ဆောင်အနေဖြင့် ကလေးတစ်ဦးနှင့်တစ်ဦး အသက်နီးနီးကပ်ကပ် မမွေးသင့်ပါ။မိခင်တို့သည် ကလေးမွေးဖွားပြီးသော ရက်များတွင် စိတ်အားငယ်တတ်ကြသည်။ 

 

ထိုစိတ်ခံစားမှုများသည် ရက်သတ္တပတ် ကျော်သွားပါက ကုန်ဆုံးသွားသင့်ပြီး (၁၀) ရက် (၁၅) ရက်ကျော်သည်အထိ စိတ်ဓာတ်ကျခြင်း၊ ငိုယိုစိတ်များနေခြင်းတို့ ဖြစ်ပါက ဆရာဝန်ကို ပြသတိုင်ပင်ရန် လိုအပ်ပါသည်။ မွေးဖွားပြီးနောက်ဖြစ်သော ထိုစိတ်ကျရောဂါကို ကုသမှုပေးပါက ချက်ချင်းသက်သာရာ ရနိုင်ပါသည်။

 

မိခင်တိုင်းသည် ကလေးမွေးဖွားပြီး ပထမပိုင်းရက်များတွင် အလုပ်အလွန်များရသလို အိပ်ရေးပျက်ခြင်းများလည်း များပြားသဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လေ့ ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ 

 

ထို့ကြောင့်ကလေးကို ပြုစုစောင့်ရှောက်နိုင်သမျှ ပြုစုပြီး နို့တိုက်ချိန် ကြားချိန်များတွင် တတ်နိုင်သမျှ အနားယူခြင်း၊ မိဘဆွေမျိုးများ၏ အကူအညီကို ခံယူပြီး စသည်တို့ကိုပြုလုပ်ရမည်။ ထိုအချိန်မျိုးတွင် ကလေးအတွက်သာ တတ်နိုုင်သမျှ လုပ်ကိုင်ပေးသင့်ပြီး အိမ်အလုပ်များကို မလုပ်နိုင်ရကောင်းလားဟု မိမိကိုယ်ကိုယ် အပြစ်မတင်သင့်ပါ။ အပြင်သို့လည်း တစ်ပတ်လျှင် တစ်ခါမျှ ခင်ပွန်းသည်နှင့် ထွက်ပေးသင့်ပါသည်။

 

မွေးဖွားပြီးနောက်တွင်လည်း ကုန်ဆုံးသွားသော အားအင်များ၊ သံဓာတ်များကို ဖြည့်တင်းရန် ကိုယ်ဝန်ဆောင်အားဆေးများ၊ Iron များပါသော ဆေးဝါးများကို ဆက်လက်သောက်သုံးသင့်ပါသည်။ မွေးဖွားပြီး (၆) ပတ်အကြာတွင် ဆရာဝန်၏ စစ်ဆေးမှုကို ပြန်လည်ခံယူပြီး သားဆက်ခြားရေးအတွက် သင့်တော်သော နည်းလမ်းများကို ဆရာဝန်အား တိုင်ပင်ပြီး သုံးစွဲသင့်ပါ၏။

 

Healthcare.com.mm
Ref:
ဒေါက်တာမေမိုးနွယ်
မိသားစု ကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18