Print

ရေအိတ် ဘာကြောင့်ဖြစ်တာလဲ

  24-Feb-2017
Preview Image

ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ပေမယ့် နေထိုင်စားသောက်မှု ပုံစံ ပြောင်းလဲလာတာ၊ စိတ်ဖိစီးမှု များလာတာတွေနဲ့ အဓိက သက်ဆိုင်တယ်။ ဓာတုဆိုးဆေး မကင်းတဲ့ အစားအသောက်တွေ အစားများလာတယ်။ အဲဒီဆိုးဆေး၊ ပလပ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံဆေးတွေထဲ မှာ xenon estrogen တွေ ပါလာတယ်။ အဲဒါတွေက အမျိုးသမီးတွေမှာ သွားပြီး ဒုက္ခပေးတာလို့ ပြောပါတယ်။

 

ဒီလိုရေအိတ် တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ်ဝဝဗိုက်ခေါက် ထူထူ အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုတယ်။ မမျိုးဥအိမ်မှာ အဓိကဖြစ်တာက အလုံးအကျိတ်နှစ်မျိုး ရှိပါတယ်။ ရေအိတ်တည်တာနှင့် ကင်ဆာဖြစ်တာပါ။မမျိုးဥအိမ်ကင်ဆာက လက္ခဏာမပြပါဘူး။ နောက်ကျမှ သိရတာများတာကြောင့် မမျိုးဥအိမ်ကင်ဆာက ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။မမျိုးဥအိမ်မှာ ရေအိတ်တည်တာကလည်း လက္ခဏာမပြတတ်ဘူး။ တခြားရောဂါ တစ်ခုခုကြောင့် သွားပြရင်း ဓာတ်မှန်ရိုက်မှ တွေ့တတ်တာမျိုးပါ။ ရေအိတ်တည်
တာ အမျိုးမျိုးရှိပါတယ်။

 

Dermoid cyst ခေါ်တဲ့ ရေအိတ် တည်တာက အများဆုံး ဖြစ်တာ များပါတယ်။ ၉၅ ရာခိုင်နှုန်းက ကင်ဆာ မဟုတ်ပါဘူး။ PCOS လို့ခေါ်တဲ့ မမျိုးဥအိမ်မှာ အရေကြည်အိတ် ၁၂ လုံးအထက်ရှိတဲ့ရောဂါက အသက် ၃၀ ဝန်းကျင် အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ကလေးမရနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ PCOS က ၃ဝရာခိုင်နှုန်းလောက် သက်ဆိုင်တယ်၊ မမျိုးဥအိမ်မှာ ရေအိတ်တည်တာက နောက်ဆက်တွဲ
ပြဿနာတွေအနေနဲ့ ရေရှည်မှာ ဆီးချို ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီ များတာ၊ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေနဲ့လဲ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ မမျိုးဥအိမ်မှာရေအိတ်တည်တာက သားဥကြွေတဲ့ အချိန်မှာ အဖြစ်များပါတယ်။ တစ်ချို့သူတွေမှာရေအိတ်ကြောင့် ပုံမှန်ရာသီမလာဘဲ နောက်ကျတာရှိသလို သွေးဆင်းများတာတွေ လည်း ဖြစ်လာပါတယ်။တစ်ချို့ကျတော့ ရေအိတ်ဖြစ်နေမှန်းကို မသိဘူး။ ရေအိတ်က ကြီးပြီးတင်းလာမှ နာလာမှ၊ ပေါက်ထွက်သွားတာမျိုး၊ အထဲမှာ လိမ်သွားပြီး နာလာမှ အရေးပေါ်ခွဲစိတ်ကုသရတာလဲ ရှိတယ်။

 

ရေအိတ်တည်သူတွေမှာ ဟော်မုန်းတွေ ပုံမမှန်ဖြစ်ပြီး ရာသီ မမှန်တာ၊ ဝက်ခြံထွက်တာ၊မျက်နှာမှာ အဆီတွေထွက်လာတာ၊ အမွေး အမှင်တွေ ထူလာတာလည်း ရှိပါတယ်။ ဟော်မုန်း ပုံမမှန်ဖြစ်ရတဲ့ အကြောင်းရင်းများစွာထဲမှာ စိတ်ဝင်စားစရာက ဥပမာ- မွေးမြူရေး ဝက်တွေ စားသုံးတာနဲ့လည်း ဆက်စပ်နေတယ်လို့ ယူဆတယ်။မွေးုမြူ ရေးဝက်တွေက ပုံမှန်တစ်နှစ်လောက်နဲ့ ကြီးထွားရမှာကို အခုနောက်ပိုင်းခြောက်လနဲ့ အမြန်ကြီးထွားအောင် ဟော်မုန်းဆေးတွေ ကျွေးလာကြတယ်လို့ ဆိုတယ်။အဲဒီဟော်မုန်းဓာတ်တွေက အမျိုးသမီးရဲ့ မမျိုးဥအိမ်မှာ ရေအိတ်တည်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင်တယ်လို့ ဆိုပါ တယ်။

 

ရေအိတ်တည်တဲ့အခါ အမျိုးသမီးတွေကို အာထရာဆောင်း ရိုက်တာ၊ ဟော်မုန်း level စစ်တာတွေ လုပ်ပြီး လိုအပ်ရင် သောက်ဆေးပေး
တာ ပြုလုပ်ပါတယ်။ ရေအိတ်အရွယ်အစားက ၂ စင်တီမီတာလောက်ဆို စောင့်ကြည့်တာမျိုးရှိပေမဲ့ ၅ စင်တီမီတာအထက် ရှိနေမယ်။ တဖြည်းဖြည်းနဲ့ ကြီးလာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသရတယ်လို့ သိရတယ်။ အခုနောက်ပိုင်း ဆေးရုံဆေးခန်းတွေမှာ ဒီလိုမျိုး လူနာတွေ အတွေ့ရများလာတယ်။ အမျိုးသမီးတွေအနေနဲ့ နေထိုင်စားသောက်မှုပုံစံကိုပြောင်းလဲရမယ်။ စိတ်ဖိစီးမှုနည်းအောင် နေရမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ်။


ကိုယ့်မှာရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းလောက် ချဖို့လိုတယ်၊ အဝမလွန်စေနဲ့။ ထို ့ပြင် ဓာတုဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံဆေးတွေပါတဲ့ အစားအစာတွေကို တတ်နိုင်ရင် ရှောင်ရမယ်လို့ အကြံပြုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit :
Htetwaiyan68



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18