Print

ကိုယ်ဝန်ဆောင်အတွက် ညွှန်ကြားချက်

  28-Feb-2017
Preview Image

 

၁။ အသား၊ ငါး၊ နို့၊ ကြက်ဥနှင့်ပဲ၊ ဟင်းသီးဟင်းရွက်စားပါ။
၂။ နေ့ဘက်တွင် (၁) နာရီခန့် ဘေးစောင်းလဲ၍ နားပေးပါ။ ပက်လက်အနေအထားဖြင့် လုံးဝမအိပ်ရ။
၃။ ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်လုပ်ပါ။ ကြမ်းတမ်းသောအလုပ်နှင့် အလေးအပင် မသော အလုပ်များကိုရှောင်ပါ။
၄။ တစ်ကိုယ်ရေ ကျန်းမာရေး အထူးဂရုပြုပါ။ သွားများသန့်ရှင်းရန် နံနက်၊ ညနှင့် အစာစားပြီး ပါးစပ်ဆေးပါ။ သားမြတ်ကို ရေချိုးစဉ် စင်ကြယ်စွာဆေးပါ။ သန့်ရှင်းသော အကျင်္ ီပွပွဝတ်ပါ။
၅။ ဝမ်းချုပ်မခံပါနှင့်။ ရေများများသောက်ပါ။
၆။ ဝမ်းနုတ်ဆေးပြင်းပြင်းနှင့် ကြက်ဆူဆီ မသောက်ပါနှင့်။
၇။ မူးယစ်ဆေးဝါး၊ ဆေးလိပ်နှင့် အရက်တို့ကို ရှောင်ကြဉ်ပါ။
၈။ ကိုယ်ဝန်ဆောင်စဉ် မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ကို အနည်းဆုံး တစ်လခြားပြီး ထိုးပေးပါ။ 
၉။ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု အနည်းဆုံး(၄) ကြိမ်ခံယူပါ။
၁၀။ ဆရာဝန် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ကို လိုက်နာပါ။
၁၁။ သံဓာတ်အားဆေးပြားကို မနက် (၁) လုံး ၊ ည (၁) လုံး ၊ (၃) လထက်မနည်းသောက်ပါ။
၁၂။ သင့်ထံတွင် ကိုယ်ဝန်ဆောင်မှတ်တမ်းကို ထိန်းသိမ်းထားရှိပါ။ ဆေးရုံဆေးခန်းသို့ လာတိုင်းယူဆောင်လာရန် လိုအပ်ပါသည်။ 
၁၃။ မွေးဖွားမည့် ခန့်မှန်းရက်ကို သိရှိမှတ်ထားပါ။ 
၁၄။ ကိုယ်ဝန်ဆောင် မွေးဖွားစဉ်နှင့် မီးတွင်းကာလတွင် ကြုံတွေ့နိုင်တယ်။ အန္တရာယ်လက္ခဏာများကို သိရှိအောင် လေ့လာထားပါ။ 
၁၅။ မွေးဖွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုကို တတ်ကျွမ်းသည့်ပုဂ္ဂိုလ်နှင့် ဆက်လက်ခံယူပါ။ 
၁၆။ မိခင်နှင့်ကလေး၏ ကျန်းမာရေးကောင်းမွန်စေရန်အတွက် သားဆက်ခြားပါ။

 

ကိုယ်ဝန်ဆောင် စောင့်ရှောက်ရေးဌာနသို့ 

၁။ ကိုယ်ဝန် (၂၈) ပတ်အထိ တစ်လတစ်ကြိမ် မှန်မှန်လာပြပါ။
၂။ ကိုယ်ဝန် (၂၈) ပတ်မှ (၃၆) ပတ်အထိ နှစ်ပတ်တစ်ကြိမ် မှန်မှန်လာပြပါ။
၃။ ကိုယ်ဝန် (၃၆) ပတ်ကျော်လျှင် တစ်ပတ်တစ်ကြိမ် မှန်မှန်လာပြပါ။

 

အောက်ပါတို့ဖြစ်လျှင် ဆေးရုံသို့ချက်ချင်းလာပြပါ။

၁။ မိန်းမအင်္ဂါမှ သွေးဆင်းလျှင်
၂။ မိန်းမအင်္ဂါမှ ရေဆင်းလျှင်
၃။ ခြေလက်များ ဖောရောင်လာလျှင်
၄။ မျက်စိပြာဝေပြီး ခေါင်းကိုက်လာလျှင် 
၅။ သွေးတိုးလျှင် 
၆။ မွေးချိန်မတန်ဘဲ ဗိုက်နာလျှင်
၇။ ကလေးတစ်နေ့ (၁၀) ကြိမ်မတိုးလျှင်

 

မွေးကင်းစကလေးအတွက် အာဟာရ

၁။ မိခင်နို့ရည်သည် မွေးစအရွယ်မှ ကလေးအသက် (၆) လပြည့်သည်အထိ လိုအပ်သောအာဟာရ ဖြစ်ပါသည်။
၂။ ကလေးအသက် (၂) နှစ် သို့မဟုတ် ထိုထက်ကျော်လွန်သည်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးသင့်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
CWH AN Care ကဒ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18