Print

ကိုယ်ဝန်ဖျက်ချခြင်းနောက်ဆက်တွဲပြသနာများ

  28-Feb-2017
Preview Image

ကိုယ်ဝန်သက်တမ်း ပထမသုံးလပတ်ကာလအတွင်း ကိုယ်ဝန်ဖျက်ချ ခြင်းကိုအသေးစားခွဲစိတ်မှုတစ်ခုဟု မှတ်ယူသည်။ အမျိုးသမီးတစ် ဦးအတွက် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအခြေအနေ ရှုပ်ထွေးမှုများသည် ကိုယ်ဝန်ဆောင်သက် တမ်းရင့်လေ အန္တရာယ်ပိုများလေဖြစ်သည်။

 

ကိုယ်ဝန်ဖျက်ချရာတွင် မိန်းမအင်္ဂါ(သို့မဟုတ်)သားအိမ်ခေါင်း မှ ဘက်တီးရီးယားများ သားအိမ်ထဲသို့ဝင်ရောက်ကာ ရောဂါကူးစက် နိုင်သည်။ ယင်းရောဂါကူးစက်မှုများကို ပဋိဇီဝဆေးများဖြင့် ကုသနိုင်သည်။ ကြုံတောင့်ကြုံခဲအခြေအနေများတွင် ဒုတိယအကြိမ်စုပ်ထုတ် ခြင်း၊ ဆေးရုံတက်ရခြင်း(သို့မဟုတ်)ခွဲစိတ်မှုပြုလုပ်ခြင်းတို့ လိုအပ် နိုင်သည်။ သန္ဓေသား၏ အစိတ်အပိုင်းများ (သို့မဟုတ်) ကိုယ်ဝန်ဆောင်မှုဆိုင်ရာ အခြားအစိတ်အပိုင်းများ သားအိမ်ထဲတွင် လုံးဝရှင်းလင်းခြင်းမရှိဘဲ ကျန်ရှိနေနိုင်သဖြင့် နောက်ထပ်ကုသရန် လိုအပ်ခြင်းမျိုး ဖြစ်နိုင်သည်။ အပြီးသတ်မဟုတ်သော ကိုယ်ဝန်ဖျက်ချမှုကြောင့် ရောဂါပိုးဝင်ခြင်းနှင့် သွေးဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

 

ကိုယ်ဝန်ဖျက်ချမှုအားလုံး၏ ၁ ရာခိုင်နှုန်းခန့်တွင် သားအိမ် ထဲ၌ သွေးခဲပြီးပြင်းထန်သော နာကျင်မှုကို ခံစားရတတ်သည်။ ယင်းသွေးခဲများကို စုပ်ထုတ်ပစ်နိုင်သည်။ကိုယ်ဝန်ဖျက်ချပြီးနောက် သွေးဆင်းခြင်းမှာ ကြုံတွေ့နေကျ ကိစ္စတစ်ခုဖြစ်သည်။ သွေးအလွန်အကျွံဆင်းခြင်းမှာ ပုံမှန်မဟုတ်ဘဲ စုပ်ထုတ်ခြင်းဖြင့်(သို့မဟုတ်)ဆေးဝါးဖြင့်(သို့မဟုတ်)ရှားရှားပါးပါး ခွဲစိတ်ကုသခြင်းဖြင့် ပြုလုပ်ရန် လိုသည်။

 

သားအိမ်ထဲသို့ ဆေးဘက်ဆိုင်ရာသုံး ကိရိယာများ ဝင်ရောက် နိုင်စေရန် သားအိမ်အဝလမ်းဖွင့်ပေးရချိန်၌ စုတ်ပြတ်ပျက်စီးနိုင် သည်။ ထို့ပြင် ယင်းကိရိယာများထိုးသွင်းမှုကြောင့် သားအိမ်နံရံ ပေါက်ပြဲသွားနိုင်သည်။ ပြင်းထန်မှုအပေါ် မူတည်၍ သားအိမ်နံရံပေါက်ပြဲမှုကြောင့် ရောဂါပိုးဝင်ခြင်း၊ သွေးအလွန်အကျွံဆင်းခြင်း (သို့မဟုတ်) နှစ်မျိုးစလုံးကြုံတွေ့နိုင်သည်။ သားအိမ်တစ်သျှူးများ ကို ပြုပြင်ရန် ခွဲစိတ်ကုသမှုခံယူရနိုင်သည်။ ထို့ပြင် မေ့ဆေးအသုံးပြု ရခြင်းမှာ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ဆက်စပ်သည့် ရှုပ်ထွေးမှုအန္တရာယ် ကိုပိုများစေသည်။

 

ထို့ပြင် နောင် ကိုယ်ဝန်ဆောင်ချိန်၌ အန္တရာယ်မရှိစေရေးအ တွက်လည်း ဆေးဝါးများဖြင့် ကုသရန်လိုသည်။ စောစောစီးစီး ကိုယ်ဝန်ဖျက်မှုကြောင့် ရောဂါပိုးမဝင်ပါက မျိုးမအောင်မှု(သို့မဟုတ်) နောင်တွင် ကိုယ်ဝန်ဆောင်ရန် အခက်အခဲဖြစ်ပေါ်မှုမရှိပေ။ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ဆက်စပ်သော ရှုပ်ထွေးမှုများ(သို့မဟုတ်)အကြိမ် ကြိမ် ကိုယ်ဝန်ဖျက်ချခြင်းတို့ကြောင့် နောင်တစ်ချိန် ရင်သွေးရရန် ခက်ခဲနိုင်သည်။ လူတိုင်းသည် မတူညီကြသောကြောင့် ကိုယ်ဝန်ဖျက်ချခြင်းအပေါ် အမျိုးသမီးတစ်ဦး၏စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ပုံမှာ တစ် ဦးနှင့်တစ်ဦး မတူညီကြပေ။ 

Credit : 7Day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18