Print

ဓမ္မတာပိုင်းဆိုင်ရာ ဗိုက်အောင့်ခြင်း များကိုလျှော့ချနိုင်တဲ့ အချက် ၅ ခ...

  28-Feb-2017
Preview Image

အမျိုးသမီးအများစုဟာ ဓမ္မတာပိုင်းဆိုင်ရာဗိုက်အောင့်ခြင်းများနဲ့ တချို့ဆိုဓမ္မတာလာစဉ်မှာ မသက်မသာဖြစ်ခြင်းများကို တွေ့ကြုံခံစားကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့အချိန်ကာလမှာပိုလွယ်ကူပြီး သက်သောင့်သက်သာဖြစ်စေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

 

၁။ လေ့ကျင့်ခန်း! သင့်ကိုယ်ခန္ဓာကိုယ်ကို လှုပ်ရှားမှုလုပ်ခြင်းက အန်ဒေါ်ဖင်လို့ခေါ်တဲ့ ခံစားမှု ပိုမိုကောင်းမွန်စေတဲ့ ဟော်မုန်းထုတ်စေပါတယ်။ နာကျင်မှုတွေ ပပျောက်အောင် အန်ဒေါ်ဖင်က မလုပ်နိုင်တဲ့ ကာလမှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်နာကျင်မှု တချို့လျော့နည်းအောင် အတားအဆီးလုပ်ပေးပါတယ် ။

 

၂။ ရေနွေးနွေးနဲ့ရေချိုးပါ။ ဆေးတွေလိုပဲ ရေနွေးဟာ သင့်ရဲ့ ဗိုက်အောင့်မှုတွေကို လျော့ပါးစေပါတယ်။ရေနွေးနဲ့ချိုးတာမဟုတ်ခဲ့ရင် ရေနွေးအိတ်ကပ်ပေးတာလည်း တကယ်ကိုကောင်းပါတယ်။

 

၃။ရေသောက်ပါ။ ရေဓါတ်ကိုထိန်းသိမ်းထားခြင်းဟာ သင့်ဓမ္မတာချိန်မှာ ရောင်ရမ်းနာကျင်မှုတွေသက်သာဖို့ကို အမှန်တကယ် အထောက်အကူဖြစ်ပါတယ်။

 

၄။နှိပ်နယ်ပေးပါ။သင့်ဝမ်းဗိုက်တဝိုက်ကို ခပ်ပါးပါးဖိကာ စက်ဝိုင်းပုံရွေ့လျားပြီး ညင်သာစွာပွတ်သပ် နှိပ်နယ်တာဟာ သင့်ကြွက်သားတွေ အနားယူမှုမှာ အထောက်အကူဖြစ်တဲ့အပြင် သင်ခံစားနေရတဲ့ တင်းပြီး နာကျင်မှု တချို့ကို သက်သာစေပါတယ်။

 

၅။ ဟော်မုန်းပါ သားဆက်ခြားဆေးသောက်ပါ။ သားဆက်ခြားသောက်ဆေးတွေဟာ ဓမ္မတာပုံမှန်ဖြစ်ပြီး ဓမ္မတာနည်းတာတွေကို အထောက်အကူဖြစ်စေတဲ့အပြင် ဓမ္မတာလာစဉ်ဗိုက်အောင့်တာအပါအဝင် ဓမ္မတာအကြို လက္ခဏာတွေကို လျော့နည်းစေပါတယ်။ လေဒီယာအမှတ်တံဆိပ်ဖြင့်ထုတ်သော Rosa ဟာ ၂၈ လုံးပါနေ့စဉ်ဆေးဖြစ်ပြီး စျေးနှုန်းသက်သာစွာနဲ့ ရွေးချယ်နိုင်ပါတယ်။

 

Credit : Lydia Myanmar


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18