Print

သားအိမ်ကင်ဆာအတွက် ဘယ်လိုစစ်ဆေးသင့်သလဲ။

  28-Feb-2017
Preview Image

ရာသီသွေးပေါ်တာ ပုံမှန်မဟုတ်တဲ့သူတွေဟာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အဓိကအားဖြင့် သွေးဆုံးပြီးနောက်မှာ ရာသီသွေးဆင်းတဲ့ အမျိုးသမီးတွေဟာ စနစ်တကျ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။

 

Ultrasound ရိုက်ခြင်း၊ အသားစယူခြင်း၊ သားအိမ်နံရံအတွင်း မှန်ပြောင်းဖြင့်ချောင်းကြည့်ခြင်း အစရှိတာတွေဟာ အရေးပါလှတဲ့ စစ်ဆေးမှုတွေပါ။

 

Ultrasound ရိုက်တဲ့အခါမှာ ဗိုက်ပေါ်ကနေ ရိုက်တာထက် မိန်းမကိုယ်ထဲမှနေကာ ရိုက်ခြင်းက ပိုမိုတိကျတဲ့ မြင်ကွင်းကို တွေ့ရနိုင်ပြီး ပိုမိုနီးစပ်တဲ့အဖြေကို ရရှိနိုင်ပါတယ်။ သားအိမ်အတွင်းကို မှန်ပြောင်းနဲ့ ချောင်းကြည့်ခြင်းကတော့ သားအိမ်ရဲ့ အတွင်းနံရံကို တိုက်ရိုက်ကြည့်ရှုနို်င်သလို သားအိမ်ကနေ အသားစယူပြီး ဓာတ်ခွဲစမ်းသပ်လို့ ရနိုင်ပါတယ်။ အသားစယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးခြင်းက ကင်ဆာကို အတိအကျ ဆုံးဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ 

 

သားအိမ်ကင်ဆာဆိုတာ သေချာပြီဆိုရင်တော့ သံလိုက်ဓာတ်မှန် MRI ရို်က်ဖို့အကြံပေးကောင်းပေးပါလိမ့်မယ်။ MRI ရိုက်ခြင်းအားဖြင့် ကင်ဆာက ဘယ်အဆင့်ကိုရောက်နေတယ်ဆိုတာ သိနိုင်ပါတယ်။


Credit : ဒေါက်တာ ငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှ ကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18