ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သောအပြောင်းအလဲများ
05-Apr-2017
အမျိုးသမီးများကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်အပြောင်းအလဲများကြောင့် ထူးဆန်းသော အပြောင်းအလဲအချို့ တွေ့ကြုံရတတ်သည် ။
- အသားအရေ - ကိုယ်ဝန်ဆောင်ချိန်တွင် ပျားရည်ကဲ့သို့ ပင်ချောမွေ့စိုပြေသောအသားအရေကို ပိုင်ဆိုင်ထားရတတ်သည် ။ အချို့အမျိုးသမီးများတွင်တော့ အသားပိုသေးလေးများ ပုခုံး၊ လက်မောင်း ၊ တင်ပါး နှင့် အမျိုးသမီးအဂါၤ တစ်ဝိုက်တွင်ပေါ်ပေါက်လာတတ်သည်။(ကိုယ်ဝန်ဆောင်ပြီးချိန်တွင် ပြန်လည်ပျောက်ကင်း သွားတတ်သည်)
- အမွေးအမျှင်များ - ခန္ဓာကိုယ်အမွေးများလာခြင်း နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးမျာပေါက်လာခြင်း တို့ဖြစ်တတ်သည်
- ဆီး၊ ဝမ်းအခြေအနေ- ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်း ၊ ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း တို့ဖြစ်တတ်သည်။
- အခြားလက္ခဏာများ - အမြဲတမ်း ချွေးစို့နေတတ်ခြင်း ၊ ညာဖက်ရင်သားကြီးလာတတ်ခြင်း ၊ ခန္ဓာကိုယ်အနည်းငယ်ယောင်ယမ်းတတ်ခြင်း(ထို့ကြောင့်လက်စွပ်များကျပ်လာခြင်း၊ဖိနပ်များကျပ်လာခြင်း) ၊ သွားဖုံးများသွေးထွက်လွယ်ခြင်း ၊
ဝက်ခြံထွက်ခြင်းတို့ဖြစ်လေ့ဖြစ်ထရှိတတ်သည် ။ ဖော်ပြပါ ကိစ္စများမှာ ကိုယ်ဝန်ဆော်အများစု ဖြစ်လေ့ဖြစ်ထရှိသော်လည်း ဆိုးရွားသောအခြေအနေများ ဖြစ်လေ့ဖြစ်ထမရှိသဖြင့် စိုးရိမ်ပူပန်စရာမလိုပေ။
မိခင်တစ်ဦးဖြစ်ရန်အတွက် အမျိုးသမီးတစ်ဦး၏ အနစ်နာခံရင်းနှီးပေးရသော မေတ္တာများထဲမှတစ်ပိုင်းတစ်စများပင်ဖြစ်သည်။ ကျန်းမာပျော်ရွှင်သော မေမေများဖြစ်ကြပါစေ
Credit : Dr.AK
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
